Wednesday, December 2, 2015

ခင်ဗျားတို့လိုချင်တဲ့ ဒီမိုကရေစီက ဘယ်လိုလဲ …?

တစ်ခုမေးမယ် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနဲ့ စည်းမဲ့ ကမ်းမဲ့ ဒီမို ကရေစီ ဘယ်ဟာကို လိုချင်လဲ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီကို တော့ လူတိုင်းလိုချင်ကျမှာပါ… ဒါပေမဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုက ရေစီကို ပါးစပ်ဖျားမှာ ရွတ်နေလို့မရ ဘူး ငါကိုယ်တိုင်လိုက်နာနေပြီလား ပြန်မေးကြည့်ရအောင် …… ကျွန်တော် ပြည်သူ့ဝန်ထမ်း တစ်ယောက်ဖြစ်သလို ယာဉ်ထိန်း တစ်ယောက်လည်းဖြစ်ပါတယ် ကျွန်တော် တာဝန်ကျတဲ့နေရာမှာ ယာဉ်စည်းကမ်းလမ်းစည်းကမ်း စစ်ဆေးဆောင်ရွက်နေစဉ် အငှား ကား Taxi ယာဉ်အား စစ်ဆေး ရာ ယာဉ်မောင်းလိုင်စင်မှာ သက်တမ်းလွန်နေပါတယ် အငှားကား Taxi ယာဉ်သည် စင်းလုံးငှားဖြစ်ပြီး နံပါတ်ပြားမှာ အနီတပ်ဆင်ရပါတယ် ယာဉ်မောင်းလိုင်စင်မှာ(ဃ)လိုင်စင် ဖြင့် မောင်းနှင်ရမှာဖြစ်ပါတယ်။ ဒါနဲ့ မော်တော်ယာဉ်ဥပဒေပုဒ်မနဲ့ ပါတ်သတ်လို့ ကျွန်တော် ရှင်းပြ ပါတယ် ယာဉ်မောင်းက သက်တမ်း လွန်တာ မှန်တယ် ဒါပေမဲ့ ကျွန်တော် မအားလို့ သက်တမ်းမတိုးဖြစ်တာ ……

ဒါဆို
=== ၁၉၆၄ခုနှစ် မော်တော်ယာဉ် ဥပဒေ သည် ယနေ့အချိန်ထိ မပျက်ပြယ်သေးပါဘူး
၂၀၁၅ခုနှစ် မော်တော်ယာဉ် ဥပဒေသစ်မှာ
အတိအလင်းပြဋ္ဌာန်းထားပြီးသားပါ

ယာဉ်မောင်းလိုင်စင် သက်တမ်းမကုန်မီ
ရက်ပေါင်း ၉၀ /(၃) လအလိုတွင်
သက်တမ်းတိုးခြင်း လုပ်ရပါမယ်.…
မယုံလို့ လေ့လာခြင်ရင် အောက်မှာ ၁၉၆၄ခုနှစ် မော်တော်ယာဉ် ဥပဒေစာအုပ်
ကို ဒေါင်းယူလေ့လာနိုင်ပါတယ်……

ဒါနဲ့ ပြန်ဆက်ပါဦးမယ် ယာဉ်မောင်းက
သက်တမ်းလွန်လို့ မော်တော်ယာဉ်ဥပဒေ အရ အရေးယူတော့ ဗမာ အချင်းချင်း
နားလည်မပေးဘူး အပြစ်မရှိအပြစ်ရှာ
တယ်ပေါ့ဗျာ…

ထို Taxi ကားပေါ်မှာ နောက်က ထိုင်
လိုက်တဲ့ မိန်းကလေး တစ်ဦးက ကျွန်တော့်ကို ဓါတ်ပုံရိုက် ဗွီဒီယိုရိုက်ပြီး
မှတ်တမ်းတင်ပါတယ်

ဒါနဲ့ ယာဉ်မောင်း ဦး××××××သူကို
ယာဉ်မောင်းလိုင်စင် သက်တမ်းမကုန်မီ
ရက်ပေါင်း ၉၀ /(၃) လအလိုတွင်
သက်တမ်းတိုးခြင်း လုပ်ရပါမယ်ဟုရှင်း ပြပါတယ်

ပြောခြင်တာက
======(=(

ဥပဒေအရလည်း စည်းကမ်းတကျ မလိုက်နာနိုင်ဘူး…

သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း လည်း ယာဉ်လိုင်စင်ကို သက်တမ်းမတိုး
ဘူး

အရေးယူဖိုကျတော့လည်း အရေးယူမခံ
နိုင်ဘူး

ခင်းဗျားတို့ လိုချင်တာ စည်းကမ်းပြည့်ဝ တဲ့ ဒီမိုကရေစီဆိုတာ ဘာကိုပြောတာလဲ
ကျွန်တော် ဇဝေဇဝါဖြစ်သွားတယ်

ခင်းဗျားတို့ကိုယ်တိုင် မလိုက်နာနိုင်ရင်
စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီတောင်း
နေတာ နောက် ယာဉ်ထိန်းဆိုပြီး အပြစ်
မြင်နေတာ မလုပ်သင့်ဘူး

ကိုယ်တိုင်မှ စည်းကမ်းဆိုတာ မလိုက်နာ
ဘဲ သူများမျက်ချေးမြင်နေတာ တော်တော်ရှက်ဖို့ကောင်းတယ်…

ကျွန်တော် စကားတစ်ခွန်း ပြောခဲ့တယ်
အစ်ကိုသာ သက်မှတ်လိုင်စင်တွေစုံနေ
ရင် ကျွန်တော် ဥပဒေအရ ဖမ်းစရာမလို
ဘူး…

ကျွန်တော် အရေးမယူခဲ့ပါဘူး…

အမည်
နေရပ်လိပ်စာ
မှတ်ပုံတင်နံပါတ်
ယာဉ်လိုင်စင်နံပါတ် မှတ်ယူထားပါတယ်
မဖော်ပြတော့ပါဘူး ……

ဒီမိုကရေစီတောင်းသူနဲ့ စည်းကမ်းမလိုက်
နာတဲ့သူတွေက စည်းကမ်းပြည့်ဝတဲ့
ဒီမိုကရေစီကို မျှော်လင့်တယ် ပြောနေတဲ့ ခင်ဗျားတို့က ဘာကြောင့်
စည်းကမ်းဖောက်ဖျက်ပြီး ဥပဒေကို ရင်
မဆိုင်ရဲတာလဲ…

စဉ်းစားလို့မရဖြစ်နေတယ် မြန်မာနိုင်ငံမို့
လား…
ခင်ဗျားတို့ လိုချင်တဲ့ ဖြစ်ချင်တဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုတာ ဘယ်လိုပုံစံလဲ နောက်ပြီး အမှန်တကယ်ရော ကိုယ်တိုင် လိုက်နာ
နိုင်ရဲ့လား ပြောကြည့်ပါဦး


0 comments:

Post a Comment

Note: Only a member of this blog may post a comment.

မဇ္ဈိမ မာလ်တီမီဒီယာ

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှုတွေလုပ်သင့်ပါပြီ ပြောင်းလဲချိန်တန်ပါပြီ