This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, December 7, 2015

လူတွေပြောနေတဲ့ အမှန်တရားဆိုတာ

မြန်မာတွေ အများစုရဲ့ကြားထဲမှာ "အမှန်တရား" ဆိုတဲ့ စကားသိပ်ပြောကြတယ် ။ အကြောင်းရာတစ်ခုခုဆိုရင် "ဘာကိစ္စအဖြစ်မှန်" ... " ဘာသမိုင်းအမှန်" ...
"ကျွန်တော်တို့ မှာသမိုင်းအမှန်ကိုတော့ ဖော်ထုတ်ဖို့ တာဝန်ရှိတယ်" ၊ "အမှန်တရားဘက်ကရပ်တည်သင့်တယ်" ဆိုတာမျိုးပေါ့ ။

တွေ့လာရတဲ့ အကြောင်းရာတွေမှာ ... ဒဏ္ဍရီပြဇာတ်တွေလိုပဲ ... မင်းသား/မင်းသမီးလေး တွေ ပရိတ်သတ်ရှေ့ ဇာတ်နာအောင် တဖက်ကို လူကြမ်းကြီးတွေ အဖြစ် တန်ပိုတွေ စွတ်တင်ကြတယ် ။ ဒါ မှ မဟုတ် ... မင်းသား/မင်းသမီးလေး ဂုဏ်မြှောက်အောင်လည်း စွတ်ချီးမြှောက်ကြတယ်။


တကယ်တမ်းတော့ လူ့ဘဝ တစ်ခုချင်းစီ မှာ အားလုံး က မင်းသား / မင်းသမီးတွေချည်းပါပဲ ။
ဇာတ်ထုပ်တစ်ခု ပုံပြင်တစ်ပုဒ်လို ..ရော့ မင်း လူကြမ်းလုပ်လို့ ၊ ရော့ ညည်းက ဇာတ်ရံလုပ်လို့ ပြောလို့ မရဘူး ။ အဲလို One Dimension ... အဆိုပြုချက်တိုင်းကလည်း အရှိတရား ကို ထင်ဟက်နိုင်မှု ဟာ လွန်ရောကျွံ ရော ၅၀ ရာခိုင်နှုန်းထက်မပို ပါဘူး ။

အမှန်တရား နဲ့ ပက်သက်ပြီး တော့ အမှန်တရား ဆိုတဲ့ စကားလုံး စ သုံးနှုန်းလာကြတာကိုသွားသတိရမိတယ် ။အမှန်တရား ဆိုတာနဲ့ ပက်သက်လို့ ခုခေတ် နဲ့ အရင်ခေတ် ၊ အရှေ့တိုင်းနဲ့ အနောက်တိုင်း တွေရဲ့ အယူဆတွေတောင်မှာ တောင် စံ နှုန်းတွေက မတူကြဘူး ။

ဟိုးရောမခေတ်တုန်းကတော့ အမှန်တရားဆိုတာ ထင်ထင်ရှားရှား သိမြင်ခြင်းရဲ့ အန္တိမပန်းတိုင် လို့ ဆိုကြတယ် ။

အရစ္စတိုတယ်ကကျတော့ အမှန်တရားဆိုတာ - အရာဝထ္ထု တစ်ခုခု နဲ့ သူရဲ့လှုပ်ရှားသက်ဝင်မှု တို့ အသိအရဆက်နွှယ်နေမှုတဲ့ ။

ဒေးကား (René Descartes) က ကျတော့ အမှန်တရားဆိုတာ - မှန်ကန်သောအသိဥာဏ် ထင်ရှားပြတ်သားမှုအတွက် အရေးကြီးဆုံး သင်္ကေတ တဲ့ ။

မာ့ခ် တို့ ၊ ဂျော့ဘာကလေ(George Berkeley) တို့ ၊ အာဗင်နားရပ်စ် (Richard Avenarius) တို့ က ကျတော့ အမှန်တရားဆိုတာ အများစုရဲ့ သိမြင်နားလည်မှု တွေနဲ့ ထပ်တူညီချင်းရဲ့ ရလာဒ်တဲ့ ။

ယခုခေတ်အနောက်တိုင်း အယူဆမှာကျတော့ အမှန်တရားဆိုတာ - အရှိတရားနဲ့ အချက်လက်တွေ နဲ့ လိုက်ရောညီထွေဖြစ်နေတာကို အမှန် လို့ ခေါ် သတဲ့ ..။

ဗုဒ္ဓဘာသာမှာကျတော့ ပရမထ္ထသစ္စာနဲ့ သမုတ္တိသစ္စာဆိုပြီး ၂ မျိုးခွဲပြောတယ် ။ နေရာ ၊ ကာလ ၊ ပုဂ္ဂလ္လ တွေ ပေါ် မူတည်ပြီး ပြောင်းလဲနေတဲ့ အမှန်နဲ့ အချိန်တိုင်း ၊ နေရာတိုင်း ၊ ပုဂ္ဂိုလ်တိုင်းအတွက် မှန်နေတဲ့ အမှန်ဆိုပြီး ခွဲ ပြောတယ် ။

သစ္စာ လေးပါးရဲ့ အယူအဆ ကို ဗုဒ္ဓဘာသာ ဆိုတဲ့ နေရာကနေ ထွက်ပြီး ကြည့်ကြည့်တဲ့ခါ
realism အတိုင်း ဖြစ်ပျက်နေတဲ့ facts တွေကို သူစွဲ ၊ ငါစွဲ ၊ ပုဂ္ဂိုလ်စွဲတွေ မပါပဲ အရှိတိုင်းသိလိုက်တာကို သစ္စာ (အမှန်) လို့ ခေါ်ရမယ်ထင်တယ် ။

အရစ္စတိုတယ်ရဲ့ logic က အစပြု လို့ အမှန် (သို့) အမှန်ရဲ့ ဆန့်ကျင်ဘက်ဟာအမှား ဆိုတဲ့ concept ကြီးက ခေတ်စားလာတယ် ။ ကွန်ပျူတာ နည်းပညာ တွေမှာ အရစ္စတိုတယ်ရဲ့ True-False Logic က အတော်လေး အလုပ်ဖြစ်ခဲ့တယ် ။ ၂၁ ရာစု မှာတိုးတက်ခဲ့ သမျှ နည်းပညာရဲ့ foundation လို့တောင် ပြောလို့ရမယ်ထင်တယ် ။

အရစ္စတိုတယ်ရဲ့ အဆိုကို ဖီလာဆန့်ကျင်လာသူကတော့ Fuzzy Logic ရဲ့ဆရာဇာဒါးပေါ့ ။
သူ့ အယူအဆမှာတော့ အမှန်ထဲမှာ အမှားပါနိုင်သလို ၊ အမှားထဲမှာလည်းအမှန်ပါနိုင်သတဲ့ ။
အမှန် အမှချင်း အမှားအမှားချင်းတောင်မှာ ...ပိုမှန်တဲ့ ဟာနဲ့ ပိုမှားတဲ့ဟာ ဆိုပြီးရှိတယ်လို့ဆိုတယ်။

တခါတခါ ကျတော့ ..ကျွန်တော်တွေး ကြည့်မိတယ် ။ ခုခေတ် လူတွေ လည်း ဘီစီ ၅၀၀ ၊ ၆၀၀ လောက်ကလို ပညာတ်စကားလုံး တွေ ကို အဆင်သင့် သုံးလို့ရတာမျိုးမဟုတ်ပဲ .. အကျိတ်အနှယ် ဆွေးနွေး ငြင်းခုံပြီးမှ သုံးလို့ရရင် ပိုကောင်းမယ်ထင်မိတယ် ။

အဲဒါဆိုရင် အမှန်တရား ဆိုတဲ့ ပညတ်အောက်မှာ အလွယ်တကူကာဗာ ယူဖို့ ခက်သွားသလို ၊ အမှားဆိုပြီး သူတပါးပေါ် ယိုးစွပ် မှုတွေလည်း လွယ်လွယ်လုပ်လိုက်ဖို့ ခက်သွားမယ်ထင်တယ် ။

ငါကတော့ မင်းသား ၊ သူကတော့ လူကြမ်း ၊ ငါကတော့ မင်းသမီး ..သူကတော့ ဗီလိန် ဆိုတဲ့ dogmatism အမှန်တရားတွေထက် ... အားလုံး က သရုပ်ဆောင် လို့ ဘုံခံစားမှုတစ်ရပ်ထွက်ပေါ်လာရင် မြန်မာ့လူမှု အသိုင်းဝိုင်း ဟာ အတော်လေးငြိမ်းချမ်းပြီး ၊ အခုထက်ပိုပြီး နေချင်စရာကောင်းသွားမယ်ထင်တယ် ။

မဇ္ဈိမ မာလ်တီမီဒီယာ

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှုတွေလုပ်သင့်ပါပြီ ပြောင်းလဲချိန်တန်ပါပြီ