This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Saturday, December 26, 2015

Blogspot.com မှ co.cc ပြောင်းနည်း

Blogspot.com မှ co.cc ပြောင်းနည်း


တိုးတက်လာတဲ့ အင်တာနက်ခေတ်မှာ ဆိုရှယ်ဆိုဒ်တွေ အများကြီးပေါ်ပေါက်လာသလို ကိုယ်ပိုင် ဖန်တီး ထား တဲ့ ဘလော့ ဆိုဒ်များလဲ အများအပြားထွက်လာတာကိုတွေ့နေရပါတယ်။ စာဖတ်တာ ၀ါသနာ ပါသူများကတော့ ထိုဆိုဒ်တွေမှာ လိုက်ပြီး ဖတ်ရှုကြသလို ကိုယ်တိုင်ရေးသားတတ်သူတွေလဲ ရှိနေပါတယ်။ မိမိတို့ရဲ့ ဖန်တီးထားမှုများကို ကိုယ်ပိုင် ဆိုဒ်တစ်ခုတည်ဆောက်ပြီး ဖန်တီးလိုသူများက ပိုက်ဆံပေး စရာမလိုတဲ့ ကိုယ်ပိုင် Domain လေးတွေ ယူပြီးဖန်တီး တတ်ကြပါတယ်။ ဒါပေမဲ့ အ၇င်က www.blogspot.com  ဟာ မြန်မာနိုင်ငံက လူတွေ အတော်များများ ပုံမှန် proxy နဲ့ဝင်ကြည့် လို့မရတတ် ပါဘူး။ ကျော်ခွပြီး ၀င်တတ် မှသာ တစ်ခါတစ်ရံဝင်လို့ရတာပါ။ ဒါကြောင့် များသောအားဖြင့် မိမိဆိုဒ် ကို နေရာစုံ နိုင်ငံစုံက ဖန်တီးလို့ရအောင် co.cc domain နဲ့ ပြောင်းပြီးဖန်တီးတတ်ကြပါတယ်။ ဒါကြောင့် မိမိရဲ့ ဘလော့တွေကို domain ပြောင်းချင်သူများအတွက် (co.cc သို့) ရည်ရွယ်ပြီး ဒီပိုစ့်လေးကို တင်ပြ တာပါ။ ခုချိန်မှာတော့  ဘလော့တော်တော် များများကို  ကြည့်လို့ ၇နေပြီ ဖြစ်ပါတယ်-- ဒီအကြောင်းလေး ကို သိပြီးသား သူငယ်ချင်း တွေလည်း အများကြီးရှိပါတယ်။  တကယ်လို့ မသိသေးတဲ့သူတွေ ရှိခဲ့ရင် အထောက် အကူဖြစ်အောင် တင်ပြပေးခြင်းဖြစ်ပါ တယ် --ခင်ဗျာ။။။

အောက်မှာ ပြုလုပ်ပုံလေး အဆင့်ဆင့်ကို ဖော်ပြပေးထားပါတယ်-


(၁). http://www.co.cc/ မှာ Account တစ်ခု Register လုပ်ပါ။

(၂). မိမိ Account ကို SignIn ၀င်ပါ... 'Domain Setting' ကို ရွေးပါ... မိမိ နှစ်သက်ရာနာမည်နဲ့ 'Domain' နာမည် တစ်ခု Create လုပ်ပါ... မိမိနှစ်သက်ရာ နာမည်တစ်ခု (blogspot က နာမည်အတိုင်းပေးချင်လဲ ရပါတယ်)။ ဒီအကောင့်က blogspot.com ကနေပြောင်းဖို့ ပြုလုပ်မှာဖြစ်တဲ့အတွက် မိမိနှစ်သက်ရာ နာမည်နဲ့ ဘလော့ တစ်ခု ဖန်တီးထားဖို့လိုအပ်ပါတယ်။ ..  ထို့နောက် 'Setup'ကို ရွေးပါ...

(၃). Option သုံးခု ရှိတဲ့ထဲက ဒုတိယ Option ဖြစ်တဲ့ 'Zone Record' ကို ရွေးရပါမယ်...

(၄). 'Host' မှာ 'www.yourdomainname.co.cc' ကို ထည့်ပါ... (Domain Nameမှာ 'www' ပါရပါမယ်...)
'TTL'မှာ '1D'ကို ရွေးပါ... 'Type'မှာ 'CNAME'ကို ရွေးပါ... 'Value'မှာ 'ghs.google.com'ကို ထည့်ပါ...

(၅). 'Setup' buttonကို Clickလုပ်ပါ... ဒါဆိုရင် မိမိ Blog အတွက် Domain တစ်ခုရပါပြီ...
ဒီအဆင့် ပြီးတဲ့ အခါ မှာတော့ မိမိ domain ကိုပြောင်းဖို့အတွက် ၄၈ နာရီ (၂ ရက်) စောင့်ဖို့လိုပါတယ်။ ၂ ရက်ကြာမှသာ အောက်က အဆင့်များကို ဆက်လုပ်ရမှာဖြစ်ပါတယ်။

(၆). Blogger Accout ကို Login ၀င်ပါ... 'Setting' ကို သွားပါ... 'Publishing' Tab ကို ရွေးပါ...

(၇). 'Custom Domain'ကို ရွေးပါ... 'Switch to advanced settings' ကို ရွေးပါ...

(၈). 'Your Domain' မှာ 'www.yourdomainname.co.cc' ကို ထည့်ပါ... Save လုပ်ပါ...Blog ကို CustomDomain CO.CC နဲ့ အသုံးပြုလို့ ရပါပြီ...

Monday, December 7, 2015

လူတွေပြောနေတဲ့ အမှန်တရားဆိုတာ

မြန်မာတွေ အများစုရဲ့ကြားထဲမှာ "အမှန်တရား" ဆိုတဲ့ စကားသိပ်ပြောကြတယ် ။ အကြောင်းရာတစ်ခုခုဆိုရင် "ဘာကိစ္စအဖြစ်မှန်" ... " ဘာသမိုင်းအမှန်" ...
"ကျွန်တော်တို့ မှာသမိုင်းအမှန်ကိုတော့ ဖော်ထုတ်ဖို့ တာဝန်ရှိတယ်" ၊ "အမှန်တရားဘက်ကရပ်တည်သင့်တယ်" ဆိုတာမျိုးပေါ့ ။

တွေ့လာရတဲ့ အကြောင်းရာတွေမှာ ... ဒဏ္ဍရီပြဇာတ်တွေလိုပဲ ... မင်းသား/မင်းသမီးလေး တွေ ပရိတ်သတ်ရှေ့ ဇာတ်နာအောင် တဖက်ကို လူကြမ်းကြီးတွေ အဖြစ် တန်ပိုတွေ စွတ်တင်ကြတယ် ။ ဒါ မှ မဟုတ် ... မင်းသား/မင်းသမီးလေး ဂုဏ်မြှောက်အောင်လည်း စွတ်ချီးမြှောက်ကြတယ်။


တကယ်တမ်းတော့ လူ့ဘဝ တစ်ခုချင်းစီ မှာ အားလုံး က မင်းသား / မင်းသမီးတွေချည်းပါပဲ ။
ဇာတ်ထုပ်တစ်ခု ပုံပြင်တစ်ပုဒ်လို ..ရော့ မင်း လူကြမ်းလုပ်လို့ ၊ ရော့ ညည်းက ဇာတ်ရံလုပ်လို့ ပြောလို့ မရဘူး ။ အဲလို One Dimension ... အဆိုပြုချက်တိုင်းကလည်း အရှိတရား ကို ထင်ဟက်နိုင်မှု ဟာ လွန်ရောကျွံ ရော ၅၀ ရာခိုင်နှုန်းထက်မပို ပါဘူး ။

အမှန်တရား နဲ့ ပက်သက်ပြီး တော့ အမှန်တရား ဆိုတဲ့ စကားလုံး စ သုံးနှုန်းလာကြတာကိုသွားသတိရမိတယ် ။အမှန်တရား ဆိုတာနဲ့ ပက်သက်လို့ ခုခေတ် နဲ့ အရင်ခေတ် ၊ အရှေ့တိုင်းနဲ့ အနောက်တိုင်း တွေရဲ့ အယူဆတွေတောင်မှာ တောင် စံ နှုန်းတွေက မတူကြဘူး ။

ဟိုးရောမခေတ်တုန်းကတော့ အမှန်တရားဆိုတာ ထင်ထင်ရှားရှား သိမြင်ခြင်းရဲ့ အန္တိမပန်းတိုင် လို့ ဆိုကြတယ် ။

အရစ္စတိုတယ်ကကျတော့ အမှန်တရားဆိုတာ - အရာဝထ္ထု တစ်ခုခု နဲ့ သူရဲ့လှုပ်ရှားသက်ဝင်မှု တို့ အသိအရဆက်နွှယ်နေမှုတဲ့ ။

ဒေးကား (René Descartes) က ကျတော့ အမှန်တရားဆိုတာ - မှန်ကန်သောအသိဥာဏ် ထင်ရှားပြတ်သားမှုအတွက် အရေးကြီးဆုံး သင်္ကေတ တဲ့ ။

မာ့ခ် တို့ ၊ ဂျော့ဘာကလေ(George Berkeley) တို့ ၊ အာဗင်နားရပ်စ် (Richard Avenarius) တို့ က ကျတော့ အမှန်တရားဆိုတာ အများစုရဲ့ သိမြင်နားလည်မှု တွေနဲ့ ထပ်တူညီချင်းရဲ့ ရလာဒ်တဲ့ ။

ယခုခေတ်အနောက်တိုင်း အယူဆမှာကျတော့ အမှန်တရားဆိုတာ - အရှိတရားနဲ့ အချက်လက်တွေ နဲ့ လိုက်ရောညီထွေဖြစ်နေတာကို အမှန် လို့ ခေါ် သတဲ့ ..။

ဗုဒ္ဓဘာသာမှာကျတော့ ပရမထ္ထသစ္စာနဲ့ သမုတ္တိသစ္စာဆိုပြီး ၂ မျိုးခွဲပြောတယ် ။ နေရာ ၊ ကာလ ၊ ပုဂ္ဂလ္လ တွေ ပေါ် မူတည်ပြီး ပြောင်းလဲနေတဲ့ အမှန်နဲ့ အချိန်တိုင်း ၊ နေရာတိုင်း ၊ ပုဂ္ဂိုလ်တိုင်းအတွက် မှန်နေတဲ့ အမှန်ဆိုပြီး ခွဲ ပြောတယ် ။

သစ္စာ လေးပါးရဲ့ အယူအဆ ကို ဗုဒ္ဓဘာသာ ဆိုတဲ့ နေရာကနေ ထွက်ပြီး ကြည့်ကြည့်တဲ့ခါ
realism အတိုင်း ဖြစ်ပျက်နေတဲ့ facts တွေကို သူစွဲ ၊ ငါစွဲ ၊ ပုဂ္ဂိုလ်စွဲတွေ မပါပဲ အရှိတိုင်းသိလိုက်တာကို သစ္စာ (အမှန်) လို့ ခေါ်ရမယ်ထင်တယ် ။

အရစ္စတိုတယ်ရဲ့ logic က အစပြု လို့ အမှန် (သို့) အမှန်ရဲ့ ဆန့်ကျင်ဘက်ဟာအမှား ဆိုတဲ့ concept ကြီးက ခေတ်စားလာတယ် ။ ကွန်ပျူတာ နည်းပညာ တွေမှာ အရစ္စတိုတယ်ရဲ့ True-False Logic က အတော်လေး အလုပ်ဖြစ်ခဲ့တယ် ။ ၂၁ ရာစု မှာတိုးတက်ခဲ့ သမျှ နည်းပညာရဲ့ foundation လို့တောင် ပြောလို့ရမယ်ထင်တယ် ။

အရစ္စတိုတယ်ရဲ့ အဆိုကို ဖီလာဆန့်ကျင်လာသူကတော့ Fuzzy Logic ရဲ့ဆရာဇာဒါးပေါ့ ။
သူ့ အယူအဆမှာတော့ အမှန်ထဲမှာ အမှားပါနိုင်သလို ၊ အမှားထဲမှာလည်းအမှန်ပါနိုင်သတဲ့ ။
အမှန် အမှချင်း အမှားအမှားချင်းတောင်မှာ ...ပိုမှန်တဲ့ ဟာနဲ့ ပိုမှားတဲ့ဟာ ဆိုပြီးရှိတယ်လို့ဆိုတယ်။

တခါတခါ ကျတော့ ..ကျွန်တော်တွေး ကြည့်မိတယ် ။ ခုခေတ် လူတွေ လည်း ဘီစီ ၅၀၀ ၊ ၆၀၀ လောက်ကလို ပညာတ်စကားလုံး တွေ ကို အဆင်သင့် သုံးလို့ရတာမျိုးမဟုတ်ပဲ .. အကျိတ်အနှယ် ဆွေးနွေး ငြင်းခုံပြီးမှ သုံးလို့ရရင် ပိုကောင်းမယ်ထင်မိတယ် ။

အဲဒါဆိုရင် အမှန်တရား ဆိုတဲ့ ပညတ်အောက်မှာ အလွယ်တကူကာဗာ ယူဖို့ ခက်သွားသလို ၊ အမှားဆိုပြီး သူတပါးပေါ် ယိုးစွပ် မှုတွေလည်း လွယ်လွယ်လုပ်လိုက်ဖို့ ခက်သွားမယ်ထင်တယ် ။

ငါကတော့ မင်းသား ၊ သူကတော့ လူကြမ်း ၊ ငါကတော့ မင်းသမီး ..သူကတော့ ဗီလိန် ဆိုတဲ့ dogmatism အမှန်တရားတွေထက် ... အားလုံး က သရုပ်ဆောင် လို့ ဘုံခံစားမှုတစ်ရပ်ထွက်ပေါ်လာရင် မြန်မာ့လူမှု အသိုင်းဝိုင်း ဟာ အတော်လေးငြိမ်းချမ်းပြီး ၊ အခုထက်ပိုပြီး နေချင်စရာကောင်းသွားမယ်ထင်တယ် ။

Saturday, December 5, 2015

နိုင်ငံခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ

မန်မာ့အာဇာနည်ခေါင်းဆောင်ကြီးများ၏အထ္ထုပ္ပတ္တိများ


ကျဆုံးလေပြီးသောဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ၊ အာဇာနည်ခေါင်းဆောင်ကြီးများအား
ဦးညွတ်အလေးပြုပါ၏



ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇)
၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ နတ်မောက်မြို့၌ အမိန့်တော်ရ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့မှ နောင်တစ်ခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဟူ၍ ဗမာ့နိုင်ငံသမိုင်း၌ တွင်စေမည့် သားရတနာကို ဖွားမြင်ခဲ့သည်။ ဇာတာအမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ်ကပင် မောင်အောင်ဆန်းဟု တွင်သည်။

ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတ ကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ယူခဲ့ပြီး ယင်းကျောင်းမှ မြန်မာ၊ ပါဠိ (၂) ဘာသာ ဂုဏ်ထူးဖြင့် (၁၀) တန်းအောင်မြင်ခဲ့သည်။ ပညာထူးချွန်သူဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ဖူးသည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာဆည်းပူးခဲ့သည်။ ၁၉၃၅-၁၉၃၆ ပညာသင်နှစ်မှစ၍ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမူဆောင်အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး သမဂ္ဂ၏ အာဘော် အိုးဝေမဂ္ဂဇင်း အယ်ဒီတာလည်း ဖြစ်လာခဲ့သည်။ ကိုအောင်ဆန်း အယ်ဒီတာအဖြစ် ဆောင်ရွက်သော အိုးဝေမဂ္ဂဇင်းတွင် ယမမင်း အမည်ဖြင့် အိုးဝေညိုမြ ရေးသားသော "ငရဲခွေးကြီး လွတ်ပြီး သရမ်းနေသည် (The Hell Hound At Large)" ခေါင်းစဉ်ဖြင့် ပေးစာတစ်စောင် ဖော်ပြခဲ့မှုသည်လည်း ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ် ဖြစ်ပွားစေခဲ့သော အဓိက အကြောင်းရင်းတချက်ဖြစ်သည်။ ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ်၏ သပိတ်မှောက်ကောင်စီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့သည်။

ကုလား-ဗမာ အဓိကရုဏ်း ပေါ်ပေါက်ခဲ့သည်။ သမဂ္ဂသည် အဓိကရုဏ်းကြောင့် ဒုက္ခရောက်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၁၉၃၆ ခု သပိတ်အရေးတော်ပုံတွင် ဖွဲ့စည်းပေးခဲ့သော ဆာမြဘူး ကော်မတီ အစီရင်ခံစာထွက်လာသည်။ အစီရင်ခံစာကို တကသမှ ကန့်ကွက်ခဲ့သည်။ ဒေါက်တာဘမော် အစိုးရ တက္ကသိုလ် အက်ဥပဒေကြမ်း ပြုလုပ်ရန် စီစဉ်သည်ကိုလည်း လက်မခံခဲ့ပေ။ ၁၉၃၆-၁၉၃၇ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာပြီး ၁၉၃၈-၁၉၃၉ တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၆ တက္ကသိုလ် သပိတ်အပြီးတွင် ပေါ်ပေါက်လာသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကြီးကို ဦးစီးတည်ထောင်သူ တစ်ဦးလည်းဖြစ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတွင် ပထမဆုံး အတွင်းရေးမှူး ဖြစ်လေသည်။ ၁၉၃၇-၁၉၃၈ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ၀ိဇ္ဖာတန်းကို အောင်ပြီး၊ ဥပဒေ ၀ိဇ္ဖာတန်းသို့ ဆက်တက်ခဲ့သည်။ ၁၉၃၈-၁၉၃၉ တွင် တကသ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် တက္ကသိုလ်ကောင်စီတွင် ပထမဆုံး ကျောင်းသားကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တကသ ဥက္ကဋ္ဌအဖြစ် သက်တမ်းကုန်သည်အထိ မနေခဲ့ပေ။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်၍ သခင်အောင်ဆန်းအဖြစ် နိုင်ငံရေးနယ်ပယ်သို့ ခြေစုံပစ် ၀င်ခဲ့သည်။ ၁၉၃၉ တွင် တို့ဗမာအစည်းအရုံး၏ အတွင်းရေးမှူးအဖြစ် တင်မြှောက်ခြင်းခံရသည်။

သခင်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ် ဖြစ်လာ၍ ဗမာ့လွတ်လပ်ရေးအတွက် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့သော ဗမာ့ထွက်ရပ်ဂိုဏ်းတွင် အတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့သည်။ ဗမာ့လွတ်လပ်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရန် ပေါ်ပေါက်ခဲ့သော ပြည်သူ့အရေးတော်ပုံပါတီ (နောင် ဆိုရှယ်လစ်ပါတီ) ၏ ပြည်ပဆက်သွယ်ရေးခေါင်းဆောင် တာဝန်ကိုလည်း ယူခဲ့သည်။ ၁၉၄၀ မတ်လအတွင်း အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယအမျိုးသား ကွန်ဂရက် ညီလာခံသို့ တက်ရောက်ခဲ့သည်။ သခင်အောင်ဆန်းအား အင်္ဂလိပ်နယ်ချဲ့အစိုးရကို ဆန့်ကျင်ဟောပြောမှုဖြင့် ဖမ်းဆီးရန် ဟင်္သာတခရိုင် ရာဇ၀တ်ဝန်က ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။ ၁၉၄၀ သြဂုတ်လအတွင်း ဗမာ့လွတ်လပ်ရေးအတွက် အင်္ဂလိပ်နယ်ချဲ့အစိုးရအား ဗမာ့မြေပေါ်မှ လက်နက်အားဖြင့် မောင်းထုတ်နိုင်ရန်အတွက် နိုင်ငံခြားမှ အကူအညီရယူရန် တရုတ်နိုင်ငံသို့ စွန့်စားထွက်ခွာခဲ့သည်။ တရုတ်ပြည် အမွိုင်၌ သောင်တင်နေစဉ် ဗမာနိုင်ငံမှ ရဲဘော်များ၏ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ဂျပန်အရာရှိ စူဖူကိကေအိချိနှင့် အဆက်အသွယ်ရကာ ဂျပန်နိုင်ငံသို့ ရောက်သွားသည်။ ဂျပန်ပြည်တွင် ဗမာ့လွတ်လပ်ရေး စီမံကိန်း စာတမ်းတရပ်ကို ရေးဆွဲကာ ဂျပန်စစ်အာဏာပိုင်များနှင့် ညှိနှိုင်းခဲ့သည်။ ယင်းစီမံကိန်းအရ ဗမာပြည်အတွင်းမှ မျိုးချစ်လူငယ်များကို စုစည်းကာ အလီလီခွဲလျက် ဂျပန်ပြည်သို့ ပို့ပေးခဲ့သည်။ ဤမျိုးချစ် လူငယ်တစုသည်ပင်လျှင် နောင်သောအခါတွင် ဗိုလ်တေဇ (ခ) ဗိုလ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော်သုံးကျိပ် ဖြစ်လာခဲ့သည်။ ဤမျိုးချစ်လူငယ်များသည် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ယိုးဒယား (ယခု ထိုင်း) နိုင်ငံ ဘန်ကောက်တွင် ဖွဲ့စည်းတည်ထောင်ကာ ဗမာနိုင်ငံအတွင်းသို့ ဂျပန်များနှင့်အတူ ၀င်ရောက် တိုက်ခိုက်ခဲ့သည်။

ဂျပန် တပ်မတော်က ဗမာနိုင်ငံကို သိမ်းပြီးသောအခါ အင်အားကြီးထွားလာပြီး ပရမ်းပတာ ဖြစ်လာသော ဗမာ့လွတ်လပ်ရေး တပ်မတော်ကို အင်အားလျော့ချပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည်ဖွဲ့စည်းသည့်အခါ ဗိုလ်ချုပ်အောင်ဆန်း သည်ဘ စစ်သေနာပတိ ဖြစ်လာသည်။ ၁၉၄၂ ခု စက်တင်ဘာလတွင် သူနာပြုဆရာမ ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ ဗမာနိုင်ငံကို ဂျပန်က ရွှေရည်စိမ်လွတ်လပ်ရေး ပေးသောအခါ ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဖြစ်လာသည်။ ဖက်ဆစ်ဂျပန် စစ်အုပ်ချုပ်ရေးသမားများသည် ဗမာနိုင်ငံနှင့် ပြည်သူတို့အား ဖက်ဆစ်နိုင်ငံ၏ လက်အောက်ခံနိုင်ငံ တစ်နိုင်ငံသဖွယ် သဘောထား လာကြသည်။ ထို့ကြောင့် ၁၉၄၄ ခုနှစ်၊ သြဂုတ်လအတွင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်စိုးတို့ ဦးဆောင်ပြီး ဖက်ဆက်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ) [ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ)] ကို ဖွဲ့စည်းတည်ထောင်က ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗမာ့ကာကွယ်ရေး တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း၏ တိုက်ရိုက်ကွပ်ကဲ ညွှန်ကြားမှုဖြင့် ဖက်ဆစ်ဂျပန်တို့ကို အတိအလင်း စစ်ကြေညာက ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးနောက်တွင် ဗမာ့တပ်မတော်ကို ဂန္ဒီစာချုပ်အရ ဆက်လက်ဖွဲ့စည်း တည်ထောင်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်မှ နှုတ်ထွက်ကာ နိုင်ငံရေးခေါင်းဆောင် ဖဆပလ ဥက္ကဋ္ဌအဖြစ် တိုင်းပြည်တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် ဗမာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ဖဆပလ ခေါင်းဆောင်များအား ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ရာထူးလက်ခံရန် စကားကမ်းလှမ်းသော်လည်း ဖဆပလမှ ချမှတ်ထားသော စည်းကမ်းချက်များ အတိုင်း မရ၍ ဗိုလ်ချုပ်အောင်ဆန်းတို့က လက်မခံခဲ့ဘဲ၊ ဘုရင်ခံ၏ စက္ကူဖြူစီမံကိန်း တိုက်ဖျက်ရေးကိုသာ ပြည်သူလူထုအား စည်းရုံးကာ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သဖြင့် ပုလိပ်သပိတ်အပါအ၀င် အထွေထွေ အမှုထမ်းပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက်လာပြီး၊ နယ်ချဲ့ အင်္ဂလိပ်တို့၏ အုပ်ချုပ်ရေး ရပ်တန့်သွားခဲ့ရသည်။ ဗြိတိန်အစိုးရလည်း ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အင်္ဂလန်သို့ ပြန်ခေါ်ပြီး ဘုရင်ခံအသစ် အဖြစ် ဆာဟူးဘတ်ရန့်စ်ကို ခန့်အပ်လိုက်သည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ်က ဗိုလ်ချုပ်တို့ အလိုကျ အစိုးရဖွဲ့စည်းရန် စကား ကမ်းလှမ်းလာတော့သည်။ ထိုကမ်းလှမ်းချက်များကို ဖဆပလနှင့် ဆွေးနွေးညှိနှိုင်းကြပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင်များသည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီဝင် ရာထူးများကို လက်ခံယူလိုက်ကြသည်။ ထို့ကြောင့် ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှ စ၍ ဗိုလ်ချုပ်အောင်ဆန်းသည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုနောက် တစ်နှစ်အတွင်း လုံးဝ လွတ်လပ်ရေးရရှိရေး ဆောင်ပုဒ်အရ ဗမာ့လွတ်လပ်ရေးကိစ္စ ဆွေးနွေးရန် ဗြိတိသျှ လေဘာအစိုးရ၏ ဖိတ်ကြားချက်အရ ဗမာ့ကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ခု၊ ဇန်န၀ါရီလတွင် လန်ဒန်သို့ သွားရောက်ခဲ့သည်။ ထိုဆွေးနွေးပွဲမှ ဗမာနိုင်ငံအား တစ်နှစ်အတွင်း လွတ်လပ်ရေးပေးမည့် အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။

သို့သော် ဗမာနိုင်ငံကို လွတ်လပ်ရေးပေးရာတွင် ဗြိတိသျှတို့က တောင်တန်းဒေသများကို ချန်ထားလိုသောကြောင့် ဗိုလ်ချုပ် အောင်ဆန်း က တောင်တန်းဒေသကိုပါ တပါတည်း လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ပြီး တောင်တန်းဒေသနှင့် ဗမာပြည်မ ပေါင်းစည်းရေးအတွက် အားသွန် ကြိုးပမ်းခဲ့ပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကြိုးစားရိုးသားမှုကြောင့် တောင်တန်းဒေသ တိုင်းရင်းသားခေါင်းဆောင်များ၏ ယုံကြည်ကိုးစားမှုကိုပါ ရရှိခဲ့ပြီး၊ ဗမာနိုင်ငံသမိုင်းတွင် အရေးပါသော တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်ရေး သင်္ကေတဖြစ်သည့် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ထိုလုပ်ငန်းများ ပြီးစီး၍ လွတ်လပ်ရေးရရန် သေချာသော အခြေအနေသို့ ရောက်သောအခါ လွတ်လပ်သော ဗမာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲကြမည့် တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ရွေးကောက်ပွဲကြီးကို ၁၉၄၇ ခု၊ ဧပြီလတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ယင်းသို့ ဗမာ့လွတ်လပ်ရေး ဗိမာန်ကြီး ပြီးခါနီးအချိန် လွတ်လပ်သော ဗမာနိုင်ငံ တည်ထောင်ရေး အားသွန်ကြိုးပမ်းနေဆဲတွင် နယ်ချဲ့လက်ပါးစေ ဦးစောနှင့် အပေါင်းအပါတို့၏ ရက်စက်ယုတ်မာစွာ လုပ်ကြံသတ်ဖြတ်မှု ကြောင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည်ခေါင်းဆောင် အာဇာနည်ကြီးများနှင့်အတူ ကျဆုံးခဲ့ရပေသည်။
------------------------



သခင်မြ (၁၈၉၇-၁၉၄၇)

သခင်မြသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ၀န်ကြီးအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ကွယ်လွန်သူ အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး သခင်မြသည် ပြည်မြို့နယ် ထုံးဘိုရွာဇာတိဖြစ်သည်။ အဖ ဦးဘိုးချွန်နှင့် အမိ ဒေါ်သက်လယ်တို့မှ ၁၈၉၇ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့တွင် ဖွားမြင့်သည်။ ငယ်နာမည် မောင်ဘရွှေဖြစ်သည်။ နှမ မမြငွေ တစ်ဦးသာရှိ၍ နောင်အခါ သီလရှင်ဝတ်သွားပြီး ဒေါ်ခေမာဝတီ ဖြစ်လာခဲ့သည်။ သာယာဝတီ အေဘီအမ်ကျောင်းမှ သတ္တမတန်း အောင်ပြီး ဆယ်တန်းကို ရန်ကုန်ဘက်ပတစ် အထက်တန်းကျောင်းမှ အောင်မြင်ခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန်ကောလိပ်နှင့် ကိုးလ်ကတ္တားတက္ကသိုလ်တို့မှ အိုင်အက်စီတန်းကို ဓာတုဗေဒဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ၁၉၂၀ ပြည့်နှင့် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ယင်း သပိတ်နောက် ပေါ်လာသော အမျိုးသားပညာရေး ကောင်စီတွင်လည်း အဖွဲ့ဝင်တစ်ဦး ဖြစ်ရုံမက ကြည့်မြင်တိုင် အမျိုးသား အထက်တန်းကျောင်းအုပ်လည်း လုပ်ခဲ့ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် ဘီအက်စ်စီတန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အမျိုးသားကောလိပ်မှပင် အောင်မြင်ခဲ့သည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်သည်။
၁၉၂၇ ခုနှစ်တွင် ဥပဒေ ၀ိဇ္ဖာဘွဲ့အောင်ပြီးသောအခါ သာယာဝတီသို့ ပြန်၍ ရှေ့နေအလုပ်ဖြင့် အသက်မွေးသည်။ ၁၉၃၀ ပြည့်နှစ် တောင်သူလယ်သမား အရေးတော်ပုံတွင် အရေးတော်ပုံသားများဘက်မှ ရှေ့နေလိုက်ရာမှ ထင်ရှားလာသည်။ ၁၉၃၆ ခုနှစ် ရောက်သော် တို့ဗမာအစည်းအရုံးဝင်ရာမှ သခင်ဖြစ်လာပြီး သခင်မြဟု ထင်ရှားလာခဲ့သည်။ ထို့နောက် တို့ဗမာအစည်းအရုံး၏ ကိုယ်ပွားဖြစ်သော "ကိုယ်မင်းကိုယ်ချင်းအဖွဲ့" ၏ ဥက္ကဋ္ဌဖြစ်လာသည်။ ကိုယ်မင်းကိုယ်ချင်းအဖွဲ့၏ တာဝန်ပေးချက်အရ သာယာဝတီတောင်ပိုင်းမှ အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာ အရွေးခံရ၍ ၉၁ ဌာနခေတ် ဥပဒေပြုလွှတ်တော်အမတ် ဖြစ်လာသည်။ ထို့ကြောင့် ဥပဒေပြု လွှတ်တော်အတွက် ပထမဆုံး အရွေးခံရသော သခင်အမတ် သုံးဦးအနက် တစ်ဦးအပါအ၀င် ဖြစ်ခဲ့သည်။ ထိုသို့ အမတ်အဖြစ် အရွေးခံရ သော်လည်း အင်္ဂလိပ် နယ်ချဲ့အုပ်စိုးမှုကို ဆန့်ကျင်သည့်အနေဖြင့် အမတ်လစာမယူသည့် သခင်အမတ်တစ်ဦးလည်း ဖြစ်သည်။

ပြည်သူ့အရေးတော်ပုံပါတီ ဖွဲ့သောအခါတွင် ဗိုလ်ချုပ်အောင်ဆန်းက ပြည်ပဆက်သွယ်ရေး တာဝန်ယူပြီး သခင်မြက ပြည်တွင်း ခေါင်းဆောင် တာဝန်ယူခဲ့သည်။ ၁၉၄၁ ခုနှစ်တွင်မူ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရသည်။ ရဲဘော်သုံးကျိပ် ဂျပန်နိုင်ငံသို့ စစ်ပညာသင် သွားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ရသူ တစ်ဦးလည်းဖြစ်သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော ဂျပန်ခေတ် လွတ်လပ်ရေး အစိုးရအဖွဲ့တွင် ဒုတိယ၀န်ကြီးချုပ် ဖြစ်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးအတွက် ဖဆပလကို ဖွဲ့သောအခါ ပြည်သူ့အရေးတော်ပုံပါတီကို ကိုယ်စားပြု၍ သခင်မြလည်း ပါဝင်ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပြည်သူ့အရေးတော်ပုံပါတီကို မြန်မာပြည် ဆိုရှယ်လစ်ပါတီဟု ပြင်ဆင်ဖွဲ့စည်းသောအခါ သခင်မြပင် ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးစ ဖဆပလ အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် တစ်ဦးလည်း ဖြစ်သည်။ စစ်ပြီးခေတ် ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသော ကြားဖြတ်အစိုးရအဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်တော်ဌာန ၀န်ကြီး တာဝန်များ ယူခဲ့ရသူလည်း ဖြစ်သည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းပြုပြည်ပြုလွှတ်တော် ယာယီသဘာပတိ တာဝန်များ အပေးခံရသည်။ အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် လန်ဒန်သွား ဗမာကိုယ်စားလှယ်အဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။ လယ်သီးစား ဥပဒေဋီကာ ကိုလည်း ရေးသားခဲ့သေးသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားခေါင်းဆောင်ကြီးများနှင့်အတူ မသမာသူတို့ လက်ချက်ဖြင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အသက်ဆုံးရှုံးခဲ့ရရှာသည်။
--------------------------




ဦးဘချို (၁၈၉၃-၁၉၄၇)
ဒီးဒုတ် ဦးဘချိုမှာ မြောင်းမြဇာတိ ဖြစ်သည်။ အဖ ဗမာ ဆေးဆရာကြီး ဦးဘိုးစာနှင့် အမိ ဒေါ်မြစ်တို့မှ ၁၈၉၃ ခု၊ ဧပြီလ ၂၄ ရက်နေ့တွင် ဖွားမြင်သည်။ အသက် ၁၄ နှစ်တွင် မြောင်းမြမြို့ ဆရာ ဦးမောင်မောင် ကျောင်းမှ သတ္တမတန်းကို အထူးအောင်၍ စကောလားရှစ် ပညာသင်ဆု ရရှိခဲ့သည်။ ထိုနောက် ရန်ကုန်မြို့ရှိ စိန်ပေါလ်ကျောင်းတွင် ဆက်လက်ပညာသင်ယူရာ ၁၀ တန်းကို အထူးအောင်သော ကြောင့် ပညာသင်ဆု ထပ်ရသည်။ ရန်ကုန်တက္ကသိုလ်တွင် ဘီအေအထက်တန်းကျောင်း တက်နေဆဲ မျက်စိရောဂါကြောင့် တက္ကသိုလ်မှ ထွက်ခဲ့ရသည်။ ပေါင်းတည်နှင့် ဟင်္သာတမြို့များတွင် အစိုးရ ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့သည်။ ပညာအုပ်လည်း လုပ်ခဲ့ဖူးသည်။ ၁၉၂၀ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ အမျိုးသားကျောင်းများ ဖွင့်လာသောအခါ အစိုးရ၀န်ထမ်းမှ ထွက်ပြီး အမျိုးသားကောလိပ် တွင် မြန်မာစာဆရာ ၀င်လုပ်သည်။ အစိုးရအထောက်အပံ့ မယူသော အမျိုးသားကျောင်းဆရာလည်း လုပ်ခဲ့ဖူးသည်။ တစ်ပတ် တစ်ကြိမ် ထုတ် "မြန်မာ့ ရီဗျူးဂျာနယ်" ကို အယ်ဒီတာချုပ်အဖြစ် ဦးစီးထုတ်ဝေခဲ့သည်။ ထိုနောက် "ဒီးဒုတ်ဂျာနယ်" ကို ၁၉၂၅ ခုနှစ်တွင် ဦးစီးထုတ်ဝေရာတွင် ဒီးဒုတ်ဦးဘချိုဟု ထင်ရှားလာသည်။

ဆရာကြီးသည် အင်္ဂလိပ်-မြန်မာနှင့် ပါဠိစာပေများတွင် နှံ့စပ်ပြီး ဆေးကျမ်း၊ ဗေဒင်၊ နက္ခတ်နှင့် အဂ္ဂိရတ်ပညာများကိုလည်း လိုက်စားခဲ့ သည်။ ဗမာသီချင်းကြီးကိုလည်း စည်းစနစ်ကျစွာ တတ်မြောက်သူတစ်ဦး ဖြစ်သည်။ တူရိယာ၊ ကဗျာ၊ ဂီတာကို မြတ်နိုးပြီး စောင်းကောက် ကိုလည်း ပိုင်နိုင်စွာ တီးတတ်သည်။ ဗမာ သီချင်းကြီး၊ သီချင်းခန့်များကို မူမှန်အတိုင်း ဖြစ်စေရန် "ဂီတ၀ိသော ဓနိ" ကျမ်းကိုလည်း တည်းဖြတ်ခဲ့သည်။ ၁၉၃၈ ခုနှစ်အတွင်း ဒီးဒုတ် နေ့စဉ်သတင်းစာကို ထုတ်ဝေခဲ့သည်။ ဆရာကြီးသည် သတင်းစာဆရာ၊ အယ်ဒီတာ၊ စာရေးဆရာ စသည့် စာပေသမားတစ်ဦး အနေဖြင့် ပြည်သူလူထု နိုင်ငံရေး အသိတရား နိုးကြားစေသည့် စာပေများကိုလည်း ရေးသားခဲ့သည်။ အင်္ဂလိပ်တို့ပေးသော ဒိုင်အာခီအုပ်ချုပ်ရေးနှင့် ၉၁ ဌာန အုပ်ချုပ်ရေးတို့ကို ဆန့်ကျင်ခဲ့သည်။ ဖေဘီယန် (Fabian) ပါတီကိုလည်း တည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သည်။ ဗမာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သေးသည်။ ၁၉၃၆ ခုနှစ်၊ တက္ကသိုလ် သပိတ်မှောက် ကျောင်းသားများ စောင့်ရှောက်ရေးအဖွဲ့ဝင် တစ်ဦးအဖြစ်လည်း တာဝန်ယူခဲ့သည်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာဘမော် အစိုးရလက်ထက်တွင် အတိုင်ပင်ခံ လွှတ်တော်အမတ်အဖြစ် ထမ်းဆောင်ခဲ့သည်။ စာရေးဆရာအသင်း နာယကလည်း ဖြစ်သည်။ ဗမာနိုင်ငံ လုံးဝလွတ်လပ်ရေး ရရှိ ကြိုးပမ်းရန်အတွက် ဖဆပလ အဖွဲ့ချုပ် ဖွဲ့စည်းသောအခါ ၀င်ရောက် ဆောင်ရွက်သည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ကြားဖြတ်အစိုးရအဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ တိုင်းပြုပြည်ပြု လွှတ်တော်တွင် ဗမာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီအဖွဲ့ဝင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြတို့နှင့်အတူ အထူးအပင်ပန်းခံ၍ ဆောင်ရွက်ခဲ့သည်။ ချင်းပြည်နယ် ထီးလင်းမြို့တွင် ကျင်းပသော ချင်း-ဗမာ ချစ်ကြည်ရေး ကျောက်တိုင်ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်စားအဖြစ် လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီး အနေဖြင့် လည်းကောင်း တက်ရောက်ခဲ့သည်။

၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အခြား ခေါင်းဆောင်ကြီးများနှင့်အတူ လုပ်ကြံခံရပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သည်။

--------------------------





ဦးရာဇတ် (၁၈၉၈-၁၉၄၇)

အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်သည် အငြိမ်းစား တိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ညိမ်းလှ တို့၏ သားဖြစ်သည်။ ဆရာကြီးကို မိတ္ထီလာ၌ ၁၈၉၈ ခုနှစ် ဇန်န၀ါရီ ၁၉ ရက်နေ့တွင် ဖွားမြင်သည်။ မန္တလေး စက်စလီ ယောက်ျားကလေး ကျောင်းမှ ဆယ်တန်းကို ပါဠိ၊ အင်္ဂလိပ်စာ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။ တက္ကသိုလ်တွင် ပညာသင်နေစဉ် ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် သပိတ်တွင် ပါဝင်ခဲ့သည်။

၁၉၂၁ ခုတွင် မန္တလေး ဗဟို အမျိုးသား အထက်တန်း ကျောင်းကြီကို ဦးစီးဖွင့်လှစ်ခဲ့ပြီး ထိုကျောင်း၌ အထက်တန်းပြ ဆရာ လုပ်သည်။ ၁၉၂၂ ခုတွင် အမျိုးသား ပညာရေးအဖွဲ့ကြီး၏ ဘီအေစာမေးပွဲကြီးကို အောင်မြင်ခဲ့၍ အေရာဇတ် ဘီအေ (နေရှင်နယ်) အမည်ခံခဲ့သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟိုအမျိုးသား အထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအဖြစ် ထမ်းရွက်ခဲ့သည်။ ဗဟို အမျိုးသား အထက်တန်းကျောင်းအုပ်အဖြစ် ဆောင်ရွက်စဉ် ရဲညွန့်တပ်ဖွဲ့စည်းပြီး ကျောင်းသားလူငယ်များကို စစ်ပညာသင်ပေးရုံမက မျိုးချစ်စိတ်လည်း သွင်းပေးသည်။ ၁၉၃၈ ခုတွင် ရွှေဘိုသူ ဒေါ်ခင်ခင်နှင့် လက်ထပ်သည်။ ၁၉၄၅ တွင် စစ်အတွင်းက ပိတ်ထားခဲ့ရသော အမျိုးသားကျောင်းကြီးကို ပြန်လည်ဖွင့်လှစ်သောအခါ အမျိုးသားကျောင်းတွင် ဆရာပြန်လုပ်သည်။ အထက်ဗမာနိုင်ငံလုံးဆိုင်ရာ ဖဆပလ အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာသည်။ ဗမာ-မွတ်စလင် အသင်းဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ ဗမာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရအဖွဲ့တွင် ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ၀န်ကြီးအဖြစ် တာဝန်ယူနေစဉ် အခြားခေါင်းဆောင်ကြီးများနှင့်အတူ မသမာသူတို့၏ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံခံရပြီး အသက်ဆုံးရှုံးခဲ့သည်။

--------------------------




မန်းဘခိုင် (၁၉၀၃-၁၉၄၇)

ကရင်အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်သည် ဟင်္သာတမြို့နယ် ယုန်တလင်းရွာဇာတိဖြစ်သည်။ အဖ ယုန်တလင်း ရွာသူကြီး မန်းပေကုန်းနှင့် အမိဒေါ်ပုဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၀၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် ဖြစ်သည်။ ဟင်္သတာမြို့၊ အေဘီအမ်ကျောင်းတွင် ပညာသင်ယူခဲ့ရာ ၁၉၂၀ ပြည့်နှစ်တွင် သတ္တမတန်းအောင်သည်။ ကရင်ဘာသာသင် ကျောင်းတစ်ကျောင်းကို ဦးစီးဖွင့်လှစ်ခဲ့သူ တစ်ဦးဖြစ်သည်။ ၁၉၃၇ ခုတွင် ပုသိမ်မြောက်ပိုင်းမှ အမတ်အဖြစ် အရွေးခံရသည်။ ၁၉၃၈ ခုတွင် ပဲခူးသူ ဒေါ်ခင်နီနှင့် လက်ထပ်သည်။ ၁၉၄၁ ခုတွင် တရားရေးဌာန အတွင်းဝန်ဖြစ်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ရုံမက ကရင်-ဗမာ ချစ်ကြည်ရေးကို အထူးဆောင်ရွက်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ စစ်ပြီးခေတ်တွင် ဖဆပလ ဗဟိုအလုပ်အမှုဆောင် လူကြီးတစ်ဦး ဖြစ်လာသည်။ ကရင်လူငယ်များ အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ကြားဖြတ်အစိုးရ အဖွဲ့တွင် စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန ၀န်ကြီးလည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ လုပ်ကြံခံရ၍ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်တွင် ကွယ်လွန်ခဲ့သည်။
--------------------------


မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း (၁၉၀၇-၁၉၄၇)

မိုင်းပွန်စော်ဘွားကြီး စ၀်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေ၀ီ နန်းစိန်ဥတို့၏ သား စပ်စံထွန်းသည် ၁၉၀၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်။ တောင်ကြီးမြို့ ရှမ်းစော်ဘွား သားများ အထက်တန်းကျောင်းမှ ဆယ်တန်းအောင်သည်။ မန္တလေး ပုလိပ်အတတ်သင်ကျောင်း လည်း တက်ခဲ့ဖူးသည်။ ထို့နောက် ပုလိပ်အရာရှိအဖြစ် ခေတ္တ အမှုထမ်းခဲ့သည်။ ၁၉၂၈ ခုတွင် စော်ဘွားအဖြစ် ခံယူလိုက်၍ မိုင်းပွန် စော်ဘွားကြီး ဖြစ်လာသည်။ ၁၉၃၂ ခုတွင် မိုးမိတ် စော်ဘွားကြိး၏ သမီး စ၀်ခင်သောင်းနှင့် လက်ထပ်သည်။ ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေးလုပ်ငန်းများ ထွန်းကားလာစေရန် ကြိုးပမ်းခဲ့သူတစ်ဦးလည်း ဖြစ်သည်။ အင်္ဂလန်နိုင်ငံမှ စိုက်ပျိုးရေးဆိုင်ရာ ခေတ်မီစာအုပ်များ၊ ကိရိယာ တန်ဆာပလာများနှင့် သီးနှံမျိုးစေ့များကိုပင် မှာယူခဲ့ဖူးသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ ဗမာနိုင်ငံသို့ ပြန်ဝင်လာသော ယင်းနှင့်အတူ ပါလာသော စက္ကူဖြူအုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့သူဖြစ်သည်။ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ်သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်းစည်းလုံးညီညွတ်ရေးအတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ ထို့ကြောင့်လည်း ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် စော်ဘွားလည်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်းဒေသရေးရာ ၀န်ကြီးဖြစ်လာသည်။ ထို့ပြင် တိုင်းပြုပြည်ပြုလွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ်ဆိုင်ရာ ဆပ်ကော်မတီ၊ လူနည်းစုဆိုင်ရာ ဆပ်ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီများတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ လုပ်ကြံခံရပြီး ဇူလိုင်လ (၂၀) ရက်၊ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန်ခဲ့သည်။
--------------------------


ဦးဘ၀င်း (၁၉၀၁-၁၉၄၇)
နတ်မောက်မြို့ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့၏ သားသမီး ၉ ယောက်အနက် ဦးဘ၀င်းသည် အကြီးဆုံးသားဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အကိုအကြီးဆုံးဖြစ်ပြီး ၁၉၀၁ ခု၊ ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၁၄ ခုတွင် နတ်မောက် အလယ်တန်းကျောင်းမှ သတ္တမတန်း အောင်သည်။ ဗမာ ကိုးတန်း အောင်ပြီးနောက် အလယ်တန်းဆရာဖြစ် စာမေးပွဲ အောင်သောအခါ နတ်မောက်၌ပင် ကျောင်းအုပ် ခေတ္တ လုပ်သည်။ ထို့နောက် ရေနံချောင်း၌ ကျောင်းဆရာ၊ ဘီအိုစီ စာရေးဘ၀ဖြင့် ကျင်လည်ရင်း အင်္ဂလိပ်စာ အလွတ်ပညာသင်ကျောင်း တက်သည်။ ၁၉၂၄ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းမှ ဆယ်တန်းကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်ရုံမက ပထမလည်း ရသည်။ ၁၉၂၉ ခုတွင် ရန်ကုန်တက္ကသိုလ်မှ သင်္ချာဂုဏ်ထူးတန်း အောင်၍ ဘီအက်စ်စီ ဘွဲ့ရသည်။ ပထမဆုံး တက္ကသိုလ် ဘွဲ့ရ နတ်မောက်သားလည်းဖြစ်သည်။ ဘွဲ့ရပြီးနောက် ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းတွင် အထက်တန်းပြ ဆရာအဖြစ် လည်းကောင်း၊ ဖြူးမြို့ အမျိုးသားအထက်တန်းကျောင်းတွင် အထက်တန်းကျောင်းအုပ်အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၃၅ ခုတွင် တောင်တွင်းကြီးမြို့မှ ဦးစံ၊ ဒေါ်ရွှေမေတို့၏ သမီး ဒေါ်ခင်စောနှင့် လက်ထပ်သည်။ စစ်ပြီးခေတ်တွင် ရေနံချောင်းမြို့နယ် ဖဆပလ ဥက္ကဋ္ဌဖြစ်လာသည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။ တိုင်းပြုပြည်ပြု လွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီတွင်လည်း ပါဝင်ခဲ့သည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ် အချိန်တွင် လုပ်ကြံခံရပြီး ကွယ်လွန်သည်။
--------------------------




ဦးအုန်းမောင် (၁၉၁၃-၁၉၄၇)
ဦးအုန်းမောင်သည် မင်းဘူးမြို့၊ မစ္စတာ အိပ်ခ်ျဒဗလျူတရပ်(တ်)၀န်း၊ ဒေါ်ရွှေမြင့်တို့၏ ဒုတိယသားဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခု၊ ဖေဖော်ဝါရီလ ၂ ရက် ဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘ၀က ရန်ကုန်တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲ တပ်ထောက် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ၀ိဇ္ဖာတန်း အောင်သည်။ ၁၉၃၇ ခုတွင် အိုင်စီအက်(စ်) စာမေးပွဲဖြေသူ ၃ ဦးအနက် ပထမရသည်။ ၁၉၃၉ ခုတွင် မန္တလေးမြို့၊ အရှေ့နယ်ပိုင် ၀န်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် လမ်းပန်းဆက်သွယ်ရေး အတွင်းဝန်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံခံရသည်။
------------------------



ရဲဘော် ကိုထွေး (၁၉၂၉-၁၉၄၇)

မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာစိုက်ပျိုးရေး ၀န်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီတို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ န၀မတန်းအထိ ပညာသင်ကြားခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံသော မသမာသူတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်။

Friday, December 4, 2015

တံတားဦးမြို့တွင် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းပညာပေးဟောပြော



၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၄ ရက်

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် တောင်ဘီလူ အထက်တန်းကျောင်း တွင်အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယာဉ်စည်းကမ်း /လမ်းစည်းကမ်း အသိပညာပေးဟော ပြော ဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၃၀၀ ဦးခန့်တက်ရောက်ခဲ့ ပြီး ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာဆောင် များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။


တံတားဦးမြို့တွင် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းပညာပေးဟောပြော



၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၄ ရက်

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် တောင်ဘီလူ အထက်တန်းကျောင်း တွင်အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ် ကျော်စိုးလင်းမှ ယာဉ်စည်းကမ်း /လမ်းစည်းကမ်း အသိပညာပေးဟော ပြော ဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၃၀၀ ဦးခန့်တက်ရောက်ခဲ့ ပြီး ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာဆောင် များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။


Wednesday, December 2, 2015

ခင်ဗျားတို့လိုချင်တဲ့ ဒီမိုကရေစီက ဘယ်လိုလဲ …?

တစ်ခုမေးမယ် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနဲ့ စည်းမဲ့ ကမ်းမဲ့ ဒီမို ကရေစီ ဘယ်ဟာကို လိုချင်လဲ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီကို တော့ လူတိုင်းလိုချင်ကျမှာပါ… ဒါပေမဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုက ရေစီကို ပါးစပ်ဖျားမှာ ရွတ်နေလို့မရ ဘူး ငါကိုယ်တိုင်လိုက်နာနေပြီလား ပြန်မေးကြည့်ရအောင် …… ကျွန်တော် ပြည်သူ့ဝန်ထမ်း တစ်ယောက်ဖြစ်သလို ယာဉ်ထိန်း တစ်ယောက်လည်းဖြစ်ပါတယ် ကျွန်တော် တာဝန်ကျတဲ့နေရာမှာ ယာဉ်စည်းကမ်းလမ်းစည်းကမ်း စစ်ဆေးဆောင်ရွက်နေစဉ် အငှား ကား Taxi ယာဉ်အား စစ်ဆေး ရာ ယာဉ်မောင်းလိုင်စင်မှာ သက်တမ်းလွန်နေပါတယ် အငှားကား Taxi ယာဉ်သည် စင်းလုံးငှားဖြစ်ပြီး နံပါတ်ပြားမှာ အနီတပ်ဆင်ရပါတယ် ယာဉ်မောင်းလိုင်စင်မှာ(ဃ)လိုင်စင် ဖြင့် မောင်းနှင်ရမှာဖြစ်ပါတယ်။ ဒါနဲ့ မော်တော်ယာဉ်ဥပဒေပုဒ်မနဲ့ ပါတ်သတ်လို့ ကျွန်တော် ရှင်းပြ ပါတယ် ယာဉ်မောင်းက သက်တမ်း လွန်တာ မှန်တယ် ဒါပေမဲ့ ကျွန်တော် မအားလို့ သက်တမ်းမတိုးဖြစ်တာ ……

ဒါဆို
=== ၁၉၆၄ခုနှစ် မော်တော်ယာဉ် ဥပဒေ သည် ယနေ့အချိန်ထိ မပျက်ပြယ်သေးပါဘူး
၂၀၁၅ခုနှစ် မော်တော်ယာဉ် ဥပဒေသစ်မှာ
အတိအလင်းပြဋ္ဌာန်းထားပြီးသားပါ

ယာဉ်မောင်းလိုင်စင် သက်တမ်းမကုန်မီ
ရက်ပေါင်း ၉၀ /(၃) လအလိုတွင်
သက်တမ်းတိုးခြင်း လုပ်ရပါမယ်.…
မယုံလို့ လေ့လာခြင်ရင် အောက်မှာ ၁၉၆၄ခုနှစ် မော်တော်ယာဉ် ဥပဒေစာအုပ်
ကို ဒေါင်းယူလေ့လာနိုင်ပါတယ်……

ဒါနဲ့ ပြန်ဆက်ပါဦးမယ် ယာဉ်မောင်းက
သက်တမ်းလွန်လို့ မော်တော်ယာဉ်ဥပဒေ အရ အရေးယူတော့ ဗမာ အချင်းချင်း
နားလည်မပေးဘူး အပြစ်မရှိအပြစ်ရှာ
တယ်ပေါ့ဗျာ…

ထို Taxi ကားပေါ်မှာ နောက်က ထိုင်
လိုက်တဲ့ မိန်းကလေး တစ်ဦးက ကျွန်တော့်ကို ဓါတ်ပုံရိုက် ဗွီဒီယိုရိုက်ပြီး
မှတ်တမ်းတင်ပါတယ်

ဒါနဲ့ ယာဉ်မောင်း ဦး××××××သူကို
ယာဉ်မောင်းလိုင်စင် သက်တမ်းမကုန်မီ
ရက်ပေါင်း ၉၀ /(၃) လအလိုတွင်
သက်တမ်းတိုးခြင်း လုပ်ရပါမယ်ဟုရှင်း ပြပါတယ်

ပြောခြင်တာက
======(=(

ဥပဒေအရလည်း စည်းကမ်းတကျ မလိုက်နာနိုင်ဘူး…

သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း လည်း ယာဉ်လိုင်စင်ကို သက်တမ်းမတိုး
ဘူး

အရေးယူဖိုကျတော့လည်း အရေးယူမခံ
နိုင်ဘူး

ခင်းဗျားတို့ လိုချင်တာ စည်းကမ်းပြည့်ဝ တဲ့ ဒီမိုကရေစီဆိုတာ ဘာကိုပြောတာလဲ
ကျွန်တော် ဇဝေဇဝါဖြစ်သွားတယ်

ခင်းဗျားတို့ကိုယ်တိုင် မလိုက်နာနိုင်ရင်
စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီတောင်း
နေတာ နောက် ယာဉ်ထိန်းဆိုပြီး အပြစ်
မြင်နေတာ မလုပ်သင့်ဘူး

ကိုယ်တိုင်မှ စည်းကမ်းဆိုတာ မလိုက်နာ
ဘဲ သူများမျက်ချေးမြင်နေတာ တော်တော်ရှက်ဖို့ကောင်းတယ်…

ကျွန်တော် စကားတစ်ခွန်း ပြောခဲ့တယ်
အစ်ကိုသာ သက်မှတ်လိုင်စင်တွေစုံနေ
ရင် ကျွန်တော် ဥပဒေအရ ဖမ်းစရာမလို
ဘူး…

ကျွန်တော် အရေးမယူခဲ့ပါဘူး…

အမည်
နေရပ်လိပ်စာ
မှတ်ပုံတင်နံပါတ်
ယာဉ်လိုင်စင်နံပါတ် မှတ်ယူထားပါတယ်
မဖော်ပြတော့ပါဘူး ……

ဒီမိုကရေစီတောင်းသူနဲ့ စည်းကမ်းမလိုက်
နာတဲ့သူတွေက စည်းကမ်းပြည့်ဝတဲ့
ဒီမိုကရေစီကို မျှော်လင့်တယ် ပြောနေတဲ့ ခင်ဗျားတို့က ဘာကြောင့်
စည်းကမ်းဖောက်ဖျက်ပြီး ဥပဒေကို ရင်
မဆိုင်ရဲတာလဲ…

စဉ်းစားလို့မရဖြစ်နေတယ် မြန်မာနိုင်ငံမို့
လား…
ခင်ဗျားတို့ လိုချင်တဲ့ ဖြစ်ချင်တဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုတာ ဘယ်လိုပုံစံလဲ နောက်ပြီး အမှန်တကယ်ရော ကိုယ်တိုင် လိုက်နာ
နိုင်ရဲ့လား ပြောကြည့်ပါဦး


ခေါင်းဆောင် မတင်ထိုက်သူများ

ခေါင်းဆောင် မတင်ထိုက်သူများ

“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။”

၁။ ဂဏန်း = လက်မထောင်ခြင်း
၂။ ပုတ်သင် = ပြောသမျှခေါင်းငြိမ့်ခြင်း
၃။ ၀ါးပင် = လေသင့်ရာယိမ်းတတ်ခြင်း
၎။ လိပ်မျိုး = မိမိဘက်သို့ယက်တတ်ခြင်း
၅။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်းလုပ်တတ်ခြင်း
၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက ။

၁။ ဂဏန်းနဲ့တူတဲ့ လူစားမျိုးတဲ့
*
ဂဏန်းဆိုတဲ့ ကောင်ဟာ အမြဲတမ်း လက်မတစ်ထောင်ထောင်နဲ့ ရှိတတ်ပါတယ်။ ငါမှတတ်တာ၊ မင်းတို့က
ဘာမှ သိတာမဟုတ်ဘူး။ ငါ့ဆရာလာမလုပ်နဲ့ဆိုတဲ့ လူစားမျိုးပါ။ အောက်လက်ငယ်သားကို ကျွန်လို ဆက်ဆံတတ်တဲ့ သူမျိုးကို ဆရာမတင်ထိုက်ဘူး။

၂။ ပုတ်သင်လို လူစားမျိုးတဲ့
*
ဒီကောင်ကတော့ ကိုယ်ပိုင်အရည်အချင်းဘာမှ မရှိပါဘူး။ သူများပြောတိုင်း ခေါင်းညိတ်တယ်၊ ဘယ်သူက ပြောပြော “အေးလုပ်လိုက်ဆိုတာချည်းပဲ”။ အဲဒိလို လူမျိုးဆရာတင်မိပြန်ရင်လည်း ငါးပါးမကဘူး။ ဆယ့်ငါးပါးလောက်မှောက်ရော။

၃။ ၀ါးပင်လို လူစားမျိုးတဲ့
*
ဒီလူကတော့ ခပ်ညံ့ညံ့လူစားမျိုး၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘူး။ ကိုယ်ပိုင်ရပ်တည်မှု မရှိဘူး၊ နေရာတ ကာ ရေလိုက် ငါးလိုက်ဆိုတဲ့ လူစားမျိုး၊ အစွယ်ကောင်းရင် ပါသွားတာချည်းပဲ၊ ကောင်းတာဆိုလည်း အစွယ်ကောင်းရင် လုပ်တယ်။ မကေကာင်းတာဆိုရင်လည်း မက်လုံးကောင်းရင်လုပ်တယ်။ ပျော့ညံ့ လူစား မျိုး၊ ဒီလိုလူစားမျိုးလည်း ဆ၇ာတစ်ယောက်အနေဲ့ အားမကိုးထိုက်ပြန်ဘူး။

၎။ နွားသိုး နဲ့တဲ့ လူမျိုး

ဒီကောင်ကတော့ ဘာမဆို အမှားအမှန် မဝေခွဲဘူး။ နေရာတကာ ရှုးဒိုင်းဒိုင်းနဲ့ စွတ်လုပ်တတ် တယ်။ နှလုံးရေ နည်းပြီး၊ လက်ရုံးရေ အားကိုးတဲ့ လူစားမျိုးပေါ့။ ဒီလိုလူမျိုးခေါင်းဆောင်တင်မိရင်လည်း အားလုံးပျက်ဆီးဘို့များပြီ။

၅။ လိပ်နဲ့တူတဲ့ လူစား
*
ဒီလူမျိုးကတော့ အတ္တကြိးတဲ့ လူစားပေါ့။ ဘာမဆို သူ့အတွက်ပဲ သူသိတယ်။ “ငါခေါင်းဆောင်၊ ငါပေးမှ မင်းတို့မယ်၊ ငါပြီးမှ ပြီးမယ်”ဆိုတဲ့လူစားမျိုး၊ ကိုယ်ကျိုးစီးပွါးပဲ သိတယ်။ အများအတွက် ထဲ့မတွက်တတ် တဲ့လူစားမျိုး။ (ပရဟိတ စိတ်မ၀င်စားတဲ့ လူစားမျိုး)

၆။ ခွေးအနဲ့ တူတဲ့ လူမျိုး
**
ဒီလူစားကတော့ ကောက်ကျစ်တယ်။ ဘယ်နေရာမဆို နည်းမှန်၊ လမ်းမှန်က မသွားတတ်ဘူး။ ဘယ်သူ့ကို မဆို လှည့်စားလိုက်ရမှ စားဝင် အိပ်ပျော်တဲ့လူမျိုး။ ကိုယ့်လက်အောက်ငယ်သားကို ကိုယ့်လက်ခုတ်ထဲ က ရေလို၊ ကိုယ်လိုတဲ့ နေရာမှာပဲ အသုံးချတတ်တယ်။

ကဲ...ခေါင်းဆောင်များ စဉ်းစားကြည့်ပါ၊ ငါဘယ်နံပါတ်နဲ့ ငြိနေလည်းဆိုတာ၊ ဘယ်နံပါတ်နဲ့မှ မငြိဘူးဆို၇င်တော့ သင်လူကောင်းဖြစ်ပြီ၊ ခေါင်းဆောင်ကောင်းဖြစ်၊ မဖြစ်တော့ နောက်တင်ပြမယ့် “ခေါင်းဆောင်အင်္ဂါ” နဲ့ ဆက်ပြီး တိုက်ဆိုင်ကြည့်ရပါမယ်။

(သိင်္ဂါလောဝါဒသုတ်ကို ကိုးကားပါသည်)

Friday, November 27, 2015

ယာဉ်စည်းကမ်းလမ်းစည်းကမ်းသင်တန်း အမှတ်စဉ်(၉/၂၀၁၅)

သင်တန်းသားများ အမှတ်တရ ဓါတ်ပုံ

Thursday, November 26, 2015

သတင်းများပေးပို့နိုင်ရန်

Police Group သို့ တိုင်းနှင့်ပြည်
နယ် အသီးသီးရှိ ရဲတပ်ဖွဲ့နှင့် ပါတ်သတ်သော သတင်းအချက် အလက်များ ပေးပို့နိုင်ရန် www.fighttin@mail2world.'om သို့ မေးလ်ပေးပို့နိုင်ပါသည်
ပေးပို့လာသော သတင်းများကို ယခု Police Media Pageတွင် ထည့်သွင်း ဖော်ပြသွားပါမည်။

သတင်းများပေးပို့နိုင်ရန်

Police Group သို့ တိုင်းနှင့်ပြည်
နယ် အသီးသီးရှိ ရဲတပ်ဖွဲ့နှင့် ပါတ်သတ်သော သတင်းအချက် အလက်များ ပေးပို့နိုင်ရန် www.fighttin@mail2world.'om သို့ မေးလ်ပေးပို့နိုင်ပါသည်
ပေးပို့လာသော သတင်းများကို ယခု Police Media Pageတွင် ထည့်သွင်း ဖော်ပြသွားပါမည်။

Viber ဖုန်းနံပါတ်သို့ ဓါတ်ပုံရိုက် ပေး ပို့ တိုင်ကြားရန်

မန္တလေးတွင် ယာဉ်ကြောပိတ်ဆို့မှုများ
နှင့် ယာဉ်တိုက်မှုများတွေ့ရှိပါက ပုံပါ
Viber ဖုန်းနံပါတ်သို့ ဓါတ်ပုံရိုက် ပေး
ပို့ တိုင်ကြားနိုင်ပါသည်

ယာဉ်စည်းကမ်းလမ်းစည်းကမ်းအမှတ်စဉ် (၉/၂၀၁၅)သင်တန်းဆင်းပွဲ

၂၇-၁၁-၂၀၁၅ရက်နေ့ နံနက် ၀၉၀၀
အချိန်တွင် ယာဉ်စည်းကမ်းလမ်းစည်း ကမ်းထိန်းသိမ်းရေးသင်တန်း အမှတ်
စဉ် (၉/၂၀၁၅)သင်တန်းဆင်းပွဲကို ဒုရဲ
မှူးကြီး အောင်ကိုဦးမှ သင်တန်းဆင်းပွဲ
အခမ်းအနား မိန့်ခွန်းပြောကြားပြီး ဆုရ
ရှိသူများအား ဆုချီးမြှင့်ခြင်းဖြင့် ၁၀၃၀အချိန်တွင် ပြီးဆုံးလျှက်ရှိပါသည်





အမှတ်စဉ်(၉/၂၀၁၅) ယာဉ်စည်းကမ်း လမ်းစည်းကမ်းသင်တန်း ဆရာကန်တော့ပွဲ

အမှတ်စဉ်(၉/၂၀၁၅) ယာဉ်စည်းကမ်း လမ်းစည်းကမ်းသင်တန်းဆရာ ကန်တော့ပွဲကို ရန်ကုန်တိုင်း စိန်ပန်းမြိုင် ယာဉ်ထိန်းသင်တန်း ကျောင်းတွင် ကျောင်းအုပ်ကြီး ရဲမှူး သာဌေးနှင့် သင်တန်းမှူး ဒုရဲမှူး ကျော်ဇေယျ သင်တန်းဆရာမ ဒုရဲမှူး ဒေါ်ခင်သစ်နှင့် လက်အချက်ပြ သင်တန်းဆရာ တပ်ကြပ်ကြီး ခင်မောင်ထွန်း တပ်ကြပ်ကြီး ကိုကိုဦး
တို့အား ဆရာသမား မိဘနေရာထား
၍ ကန်တော့ခြင်းကို ၂၅-၁၁-၂၀၁၅ရက်နေ့တွင် ပြုလုပ်ခဲ့ပါ
သည်။

အမှတ်စဉ်(၉/၂၀၁၅) ယာဉ်စည်းကမ်း လမ်းစည်းကမ်းသင်တန်း ဆရာကန်တော့ပွဲ

အမှတ်စဉ်(၉/၂၀၁၅) ယာဉ်စည်းကမ်း လမ်းစည်းကမ်းသင်တန်းဆရာ ကန်တော့ပွဲကို ရန်ကုန်တိုင်း စိန်ပန်းမြိုင် ယာဉ်ထိန်းသင်တန်း ကျောင်းတွင် ကျောင်းအုပ်ကြီး ရဲမှူး သာဌေးနှင့် သင်တန်းမှူး ဒုရဲမှူး ကျော်ဇေယျ သင်တန်းဆရာမ ဒုရဲမှူး ဒေါ်ခင်သစ်နှင့် လက်အချက်ပြ သင်တန်းဆရာ တပ်ကြပ်ကြီး ခင်မောင်ထွန်း တပ်ကြပ်ကြီး ကိုကိုဦး
တို့အား ဆရာသမား မိဘနေရာထား
၍ ကန်တော့ခြင်းဖြစ်ပါသည်။

ပုဂံမြေမှမဟုတ် မြန်မာနိုင်ငံမည်သည့်နေရာမျှ ဗလီ မဆောက်ရ လုပ်သင့်ပြီ

ဘာသာရေးမဟုတ် ဗလီကိုအသုံးချခံ နိုင်ငံရေးလုပ်နေသည့် အစ္စလာမ် တွေဖြစ်ပါတယ်။

Wednesday, November 25, 2015

မော်တော်ယာဉ် သက်သေခံလက်မှတ် အတုအစစ်ခွဲခြားရန်

မော်တော်ယာဉ် သက်သေခံလက်မှတ် အတုအစစ်ခွဲခြားရန် အောက်ပါလင့်
တွင် ဒေါင်းယူပါ။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု
ဦးစီးဌာန websites မှ ကူးယူဖော်
ပြပါသည်။

https://www.dropbox.com/s/xa3uf74fplrej60/Screenshot_2015-11-18-06-57-24-1.png?dl=0

Friday, October 16, 2015

စည်းကမ်းပျက်ယာဉ်များအား viberမှ တိုင်ကြားရန်

Viber မှတစ်ဆင့် ဓာတ်ပုံပေးပို့ တိုင်ကြားမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦး စစ်ဆေးနေစဉ်

စည်းကမ်းချိုးဖောက်သော ယာဉ်များအား Viber မှတစ်ဆင့်  ဓာတ်ပုံပေးပို့ တိုင်ကြားမှု ၁၆၀၀ ကျော်ကို အရေးယူထားကြောင်း သိရပြီး ထိုသို့အရေးယူရာတွင် ကိုယ်ပိုင်ယာဉ်များက ပြစ်ဒဏ်ကျူးလွန်မှု အများဆုံး ဖြစ်ကြောင်း အောက်တိုဘာ ၁၅ ရက်က ရန်ကုန်တိုင်း ဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

၂၀၁၅ ခုနှစ် သြဂုတ် ၁၂ ရက်မှစ၍ အောက်တိုဘာ ၁၅ ရက်အထိ ရန်ကုန်မြို့ အတွင်း စည်းကမ်း ချိုးဖောက်သည့်ယာဉ် စုစုပေါင်း ၁၆၆၆ စီးအား အရေးယူထားရာ ကိုယ်ပိုင်ယာဉ် ၇၉၇ စီး၊ တက္ကစီယာဉ် ၄၅၃ စီး၊ အငှားကုန် တင်ယာဉ် ၁၇၇ စီး၊ ခရီးသည်တင် ယာဉ် ၂၃၉ စီးကို အရေးယူထားကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ အဆိုပါ စည်းကမ်း ဖောက်ဖျက်သည့် မော်တော်ယာဉ် ၁၆၆၆ စီးအား အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ဆင့်ခေါ်စာများ ပေးပို့ကြောင်းသိရပြီး ကျူးလွန်သည့် အမှုအမျိုးအစားအလိုက် ငွေဒဏ်၊ ထောင်ဒဏ် စသည်တို့ကို တရားရုံးက ပြစ်ဒစ်များ ချမှတ်ကာ အရေးယူလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ဆီကို တိုင်ကြားတဲ့ အမှုတွေက အများကြီးပဲ ရှိတယ်။ အဲ့ဒီတိုင်ကြားမှုတွေထဲက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို ချိုးဖောက်တာ ထင်ရှားတဲ့ ကားတွေကို အရေးယူတယ်။ ကျူးလွန်တဲ့ ယာဉ်ပိုင်ရှင်တွေကို ဆင့်စာပေးပို့တယ်။ ပြီးတော့ တရားရုံးက သူတို့ကျူးလွန်တဲ့ အမှုအမျိုးအစား အလိုက်ပြစ်ဒဏ် ချမှတ်ပါတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူး ဇော်မျိုးထွန်းက ဆိုသည်။

ဆက်လက်ပြီး ၎င်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်သည့် ယာဉ်များအား ပြည်သူများ သိရှိစေရန်အတွက် ပြည်တွင်းရှိ သတင်းစာ၊  ဂျာနယ်အချို့တွင် ဖော်ပြပေးရန်အတွက် သဘောတူညီချက် ရရှိထားကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

အဆိုပါ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များအား ပြည်သူများက Viber မှ တစ်ဆင့် တိုင်ကြားလိုပါက စည်းကမ်းဖောက်ဖျက်သည့် ယာဉ်၏ နံပါတ်ပြားကို ပေါ်လွင်အောင် ရိုက်ကူးပေးပို့ရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကျူးလွန်နေကြောင်း ထင်ရှားသည့် ဓာတ်ပုံများကိုဖြစ်ရန်၊ သတ်မှတ်ထားသည့် လမ်းအမှတ်အသား၊ စည်းတားထားသည့် အမှတ်အသားများ ပေါ်လွင်အောင် ရိုက်ကူးပေးပို့ရန်နှင့် ပေးပို့ရာတွင် ကျူးလွန်သည့် ယာဉ်၏ အချိန်၊ နေရာတို့ကို ထည့်သွင်းပေးပို့ ပေးပါရန်စသည့် အချက်များနှင့် ပြည့်စုံသည့် ဓာတ်ပုံများကို ကြည့်၍ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များအား အရေးယူသွားမည်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီး အောင်ကိုဦးက ပြောကြားသည်။

ယင်းသို့ Viber မှ ဓာတ်ပုံရိုက်တိုင်ကြားသည့် စည်းကမ်း ဖောက်ဖျက်သည့် ယာဉ်များအား အရေးယူရာတွင် စက်တင်ဘာ ၇ ရက်တွင် အသစ်ထွက်ရှိခဲ့သည့် ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေအတိုင်း အရေးယူသွားမည် ဖြစ်ကြောင်း သိရပြီး အဆိုပါ စက်တင်ဘာ ၇ ရက် မတိုင်မီ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို မူလဥပဒေဖြစ်သည့် ၁၉၆၄ ခုနှစ် မော်တော်ယာဉ် ဥပဒေဖြင့်သာ အရေးယူမည်ဟု သိရသည်။

ထိုသို့ စည်းကမ်း ဖောက်ဖျက်သည့် မော်တော်ယာဉ်များအား Viber မှ တစ်ဆင့် ဓာတ်ပုံပေးပို့ တိုင်ကြားမှုနှင့် ပတ်သက်၍ ဒဂုံတက္ကသိုလ်မှ ဆူးလေသို့ ပြေးဆွဲသည့် မ.ထ.သ ၂၅၅ ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးအား သွားရောက်မေးမြန်းရာ ၎င်းက “အရင်ကတော့ ရဲလစ်ရင် လစ်သလို လမ်းပြောင်းပြန်မောင်းတာတို့၊ မှတ်တိုင်မဟုတ်တဲ့ နေရာတွေမှာ လူအတင်အချလုပ်တယ်။ ရဲရှိနိုင်တဲ့ နေရာတွေကို မှတ်ထားပြီး အဲ့ဒီ နေရာရောက်ရင် သတိထား မောင်းတယ်။ အခုဟာက ရဲက ကျွန်တော်တို့ ကားတွေ စည်းကမ်းဖောက်တာ မတွေ့ပေမယ့်လည်း အခြားလူတွေက ဓာတ်ပုံရိုက်ပြီး လှမ်းတိုင်တာတွေရှိတော့ မလုပ်ရဲတော့ဘူး။ လုပ်ရမှာက မတန်တော့ဘူးလေ။ ပိုက်ဆံရမှာက နည်းနည်း။ မိသွားရင် ဒဏ်ငွေ က ၃၀၀၀၀ ထက် မနည်းဆောင်ရမယ်။ အခန့်မသင့်ရင် လိုင်စင်လည်း အပိတ်ခံရဦးမယ်။ အဲ့ဒီတော့ မရင်းရဲတော့ဘူး” ဟု ပြောကြားသည်။

စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များအား ပြည်သူလူထုမှ ဓာတ်ပုံရိုက်ကူး၍ အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး  Viber ဖုန်းနံပါတ်ဖြစ်သည့်  ၀၉ ၇၃၀၉၃၂၂၆၊ ၀၉ ၇၉၁၂၀၃၂၈ တို့ကို ဓာတ်ပုံများ ပေးပို့ တိုင်ကြားနိုင်ကြောင်း သိရသည်။


Thursday, October 15, 2015

စေတနာ မှန်ကန်ရင် အောင်မြင်မှာပါ

လူတစ်ယောက်ကို လေးစားဖို့ဆိုတာ လေး
စားလောက်တဲ့အရည်အချင်းရှိမှ လေးစားလို့ ရပါတယ်……

သဘာဝကြပြီး အမှန်တကယ် စေတနာထား
လုပ်ဆောင်ပေးနေတယ်ဆိုတာ မျက်မြင်
ကိုယ်တွေ့ပါပဲ ဒါကို အပေါ်ယံနှမ်းဖြူးတယ်
ဆိုပြီး ကဲ့ရဲ့ ရှုံ့ချနေတဲ့ သူတွေကိုလည်း
တစ်ခုတော့ ပြောခြင်ပါတယ်

ကိုယ်ကျိုးအတွက်မဟုတ်ဘဲ အများအတွက်
အလုပ်လုပ်နေတဲ့ ပြည်သူ့ယာဉ်ထိန်းတွေ
မှ ဟုတ်ရဲ့လားဆိုတာ မေးစရာမလိုပါဘူး

ပြည်သူအပေါ်မှာ စေတနာအပြည့်နဲ့ လုပ်
နေကြတာပါ ဆိုတာ ပုံကိုကြည့်တာနဲ့
ငြင်းမရပါဘူး……

စိတ်စေတနာဆိုတာ အမှန်တကယ် စိတ်ရင်း မှန်ကန်ရင် မှန်ကန်သလောက် မမှန်ကန်ရင်မမှန်ကန်သလို အကျိုးပေး
တယ် ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိပြီး
သားဖြစ်မှာဟု ပြောကြားရင်း ယခုပို့စ်လေး
ကို ရေးသားဖော်ပြလိုက်ရပါတယ် ခင်ဗျာ

Wednesday, October 14, 2015

စည်းကမ်းပျက် ယာဉ်များအား တိုင်ကြားနိုင်

စည်းကမ်းဖောက်ဖျက်သော ယာဉ်များ
အား Viber ဖုန်းနံပါတ်ဖြင့် ဓါတ်ပုံရိုက်
တိုင်ကြားနိုင်ရန်ဖြစ်ပါသည်
====((((=====

မည်သည့်နေရာတွင်မဆို ယာဉ်စည်းကမ်း
လမ်းစည်းကမ်း ဖောက်ဖျက်ကျုးလွန်
သော မော်တော်ယာဉ်များအား မှတ်တမ်း
ဓါတ်ပုံရိုက်ကာ viber phone နံပါတ်
သို့ ပေးပို့တိုင်ကြားပါကြောင်း အသိပေး အပ်ပါသည်။

Monday, September 28, 2015

facebookပါတိုင်းအရေးယူခံနေရခြင်း

facebook မှာပါတိုင်း မရေးယူခံနေရတဲ့ တပ်ဖွဲ့ဝင်တွေကို မှားသည် ဖြစ်စေ မှန်သည်
ဖြစ်စေ စစ်ဆေးအရေးယူမှုပြုလုပ်သည်မှာ
မှန်သလား မှားသလား

"အမှားဖြစ်လို့ အရေးယူခံရသည်မှာ မှန်သလို

မဟုတ်ဘဲ ခံနေရတဲ့ တပ်ဖွဲ့ဝင်တွေအတွက် နစ်
နာမှုကို ဘယ်လိုဖြေရှင်းပေးမလဲ "

တိုင်ကြားခြင်ရင်
====(

hot line ဖုန်းနံပါတ်တွေလည်း ကြော်ငြာထား
ပြီး ဖြစ်ပါသည်
နောက်နေရာတိုင်းမှာလည်း ချိတ်ဆွဲထားပြီး ဖြစ်ပါသည်

တိုင်းကြားလျှင်
=========(===
အမည်
အဘအမည်
မှတ်ပုံတင်အမှတ်
နေရပ်လိပ်စာ အပြည့်အစုံ ဖော်ပြမှသာ စစ်ဆေးသင့်ကြောင်း အကြံပြုလိုသည်။

posted from Bloggeroid

7Day Daily - ၇ ရက် နေ့စဉ် သတင်းစာPolice Media


from Facebook http://ift.tt/1VjZRqe
via http://ift.tt/1MCB0qe

တပ်မတော်က ဝတ်စုံပြောင်းလဲပုံ










posted from Bloggeroid

Saturday, September 26, 2015

မှားတာလေးလည်း ပြောခြင်သေးတယ်

မှန်တာတွေပြောတာများလာတော့
လည်း တစ်ခါတစ်လေမှားတာလေး လည်း ပြောခြင်လညတယ်ဗျ……


ရဲတပ်ဖွဲ့ တပ်တွင်းဒုရဲအုပ်လောင်း တွေကို ရေးဖြေနဲ့တင်သတ်ပြီး
တပ်ကလာတဲ့သူတွေကိုတော့
အဆင့်တိုးနဲ့ သင်တန်းတက်ခိုင်း
တယ်ဆိုတာ "ဟုတ်လား"

ယခု စစ်တပ်က နောက်ပေါ်လစီ အသစ်အရ လုပ်သက်အလိုက်
ပညာအရည်အချင်းအလိုက် ရာထူး
အဆင့်တွေကို ချီးမြှင့်ပေးတော့မယ်
လို့ ကြားမိသလိုဗျ……

ရဲတပ်ဖွဲ့မှာရော အခြေအနေသိခြင်
တယ်ဗျ……

ဆယ်တန်းအောင်တွေ /ဘွဲ့ရတွေ
ပုံအောပြီး အသက်လွန်လို့ ဒုရဲအုပ်
မဖြစ်တော့ဘူး ……

စစ်တပ်မှာ ဘွဲ့ရ တပ်ကြပ်ကြီး စာရေး
ဆယ်တန်းအောင်ရင် ဒုတပ်ကြပ်တပ်
ပေးထားတယ်ဗျ……

ရဲတပ်ဖွဲ့မှာရော ဘယ်လိုလဲဗျ……
မျှော်လင့်ချက်ထားလို့ရတယ်ပြော
တာ ဟုတ်လားဗျ……

မှားတာပြောတာတွေများသွား
လျှင် ……… ခွင့်လွှတ်ပါ



posted from Bloggeroid

ကိုင်တွယ်ခွင့်နှင့်အတူ လုပ်ပိုင်ခွင့်ပြုရပါမယ်

ကိုင်တွယ်ခွင့်ပြုသလို လုပ်ပိုင်ခွင့်အပြည့်
အဝ ပေးရပါမယ်……

လူတွေသိတာ ရဲသေနတ်သည် ပစ်မရဘူး
လို့သိထားသည်

အမှန်မှာ သေနတ်ပစ်မရတာ မဟုတ် လုပ်
ပိုင်ခွင့် ပျောက်ဆုံးနေတာဖြစ်ပါတယ်

လုပ်ပိုင်ခွင့်ကို ဥပဒေအရအတည်ပြု ပြဌာန်းထားတာရှိပါတယ်

ပြဌာန်းထားသည့် ဥပဒေသည် ပစ်မိန့်
လုပ်ပိုင်ခွင့်အမိန့် တောင်းခံရန် မလိုဟု
အတည်အလင်းရှိရပါ့မယ်

ကျင်စက်တပ်ပြီး လုပ်ပိုင်ခွင့်အား ပြည့်ဝ
စွာ ရရှိမှ ရဲသေနတ်သည် ကျည်ထွက်မှန်း
သိမှာပါ………




posted from Bloggeroid

ပြန်စဉ်းစားကြပါဦး

(၁) ပြည်သူက ပေးတဲ့လစာစားပြီး လုပ်ရမှာ ပေါ့……

(၂) ဒါသူ့တာဝန်ဘဲ………

ပြောစရာလေး ဖြစ်လာလို့ပါ ဥာဏ်မရှိ
နိုင်ငံအတွက်အကျိုးမရှိ ဆန်ကုန်မြေလေး
တွေရဲ့စကားကို ဦးနှောက်မရှိတဲ့ လူတွေက အမျိုးမျိုးဝေဖန် ထင်ကြေးပေး
နေကြလို့ပါ……

(၁) ယနေ့ မြန်မာပြည်မှာ တာဝန်ထမ်း
ဆောင်နေကြတဲ့ သူတွေကို ခင်များတို့
ပြောသလို ပြည်သူ့လစာ စားထားပြီး
အလုပ်လုပ်ရတာ အဆင်ပြေရဲ့လားလို့
မေးကြည့်ပါလား…

ခင်များတို့ကိုယ်တိုင်က တာဝန်မရှိခေါင်း
ရှောင်သလိုနေနေကြတာရော သိရဲ့လား
ပြည်သူကလစာပေးထားတာပဲ ဘယ်လိုနေနေ ဒါသူ့အလုပ်ဆိုပြီး မျက်နှာလွဲ ခဲပစ် ခေါင်းရှောင်နေတာလေ


ခင်ဗျားတို့ပေးထားတဲ့ လစာနဲ့ ခင်းဗျားတို့ကိုယ်တိုင် နိုင်ငံ့တာဝန်ကို
ဝင်ရောက်တာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်
ပါတယ်

"စစ်မှုမထမ်းမနေရ ဥပဒေကိုလည်း ထုတ်
ပြန်စေခြင်တယ်"

လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ လူတွေကရော ရတဲ့လစာနဲ့ အရမ်း
လောက်ငှစွာ စားသောက်ပြီး ပျော်နေ တယ်ထင်လို့လား ……

ခင်ဗျားတို့ကို တစ်ခုပဲ ပြောခြင်တယ် ပြည်သူပေးတဲ့လစာလို့ ပြောခြင်ရင်
ပေးထားတဲ့လစာက နိုင်ငံ့တာဝန်ထမ်း
ဆောင်နေတဲ့သူတွေအတွက် နိုင်ငံ
တကာစံနှုန်းနဲ့ တန်းတူ ရရှိမှပြော ……

တာဝန်မဲ့တဲ့ စကားမပြောနဲ့……
စဉ်းစဉ်းစားစားပြော…… ထမင်းစားရင် လည်း ချီးစားတဲ့ ဦးနှောက်နဲ့ မဝေဖန်နဲ့

(၂) ဒါသူ့တာဝန်ပဲ မှန်ပါတယ် သူတာဝန်ကို သူထမ်းဆောင်နေတာပါ

ဒါဆို ခင်းဗျားတို့က ဘာလို့ ကိုယ့်တာဝန်
ကို မကျေကြတာလဲ……

စည်းကမ်းကောင်းဖို့ ယာဉ်တိုက်မှု အန္တရာယ် မဖြစ်ပွားအောင် သူတာဝန်အရ
သူလုပ်နေတယ် လမ်းပေါ်တက်ပြီး ဘယ်သူ့ကိုများ သူစော်ကားနေလို့လဲ

သူတာဝန်သူထမ်းဆောင်နေတာကိုပဲ ခင်ဗျားတို့ အမျိုးမျိုးဝေဖန် ပုတ်ခတ်နေ ကြတာ မရှက်ကြဘူးလား ……

စစ်မှန်တဲ့ ဒီမိုကရေစီမှာ ရှိသင့်တဲ့ ခင်ဗျားတို့ရဲ့ စိတ်ဓါတ်ကို ဖော်ပြတာ
လား……

ခင်ဗျားတို့ လုပ်ပေးရမှာက စည်းကမ်း တကျသွားလာဖို့ စည်းကမ်းရှိဖို့ ဒါဆိုရင်
သူကလည်း သူ့တာဝန်သူလုပ်နေရင်
စည်းကမ်ပြည့်ဝပြီး အန္တရာယ်ကင်းတဲ့
မနေဘူးလား

သူကိုလာဘ်စားတယ်ပြောနေတဲ့သူတွေ
က ဥပဒေကို ကျုးလွန်ပြီး ရင်မဆိုင်ဘဲ သူကို လာဘ်ပေးခဲ့ဖူးသူပဲဖြစ်မှာပါ

ပြောတော့ ဥပဒေကို လက်တလုံးကြား
မလုပ်နဲ့တဲ့ လုပ်နေတာက ခင်ဗျားတို့
ကိုယ်တိုင်ပဲ သိရဲ့လား

ကိုယ့်အပြစ်ကို ထုတ်ဖော်ပြောပြီး သူများ
မျက်ချေးကို မြင်နေတာ မရှက်ကြဘူးလား
ခင်းဗျားတို့ ရှက်သင့်တယ် ဒီမိုကရေစီဆို
တာကို ပါးစပ်က ရွတ်နေတာ အနှစ်သာရ
မသိဘဲကို……


ဘယ်ဝန်ထမ်းမှ ဥပဒေဘောင်အတွင်း စည်းမျဉ်းစည်းကမ်းဖြင့်နေထိုင်သူကို ငွေ
ညှစ်မရဘူး ထိုသူသည်လည်း ငွေညှစ်မခံ
ဘူး မှတ်ထား……

ဝန်ထမ်းလာဘ်စားတယ်ပြောတဲ့သူသည်
သူကိုယ်တိုင် ပေးခဲ့ဖူးလို့စကားထွက်
တာ ကိုယ့်မျက်ချေးကို မြင်အောင်ကြည့်ပါ
နောက် ရှက်တက်ပါ

ရှက်ရမ်းမရမ်းပါနဲ့

Friday, September 25, 2015

ပြောင်းလဲပေးမှ ပြောင်းလဲချိန်တန်မှာပါ

သို့
/

သက်ဆိုင်သူများထံသို့
===============

မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲ
ဖို့အချိန်တန်ပါပြီ ဘာတွေပြောင်းလဲပေး
ရမှာလဲ မမေးနဲ့ ယနေ့ရဲတွေဟာ ရဲလုပ်
ငန်းကို လုပ်ရတယ်မရှိပါဘူး

"မရောင်ရာ ဆီလူး ငါးပိသည်အိပ် ဆားသည် ခွေးမောင်း လုပ်နေရတာတွေ
ရပ်တန်းက ရပ်ကြပါတော့"

လူမှုကွန်ယက်တွေမှာ ရဲတွေ မသမာသူ
တွေရဲ့ လုပ်ရက်ကြောင့် သေဆုံးသွား
ပေမဲ့ အကောင်းပြောသူနည်းပါနေတယ်

ဘာကြောင့်လဲ အဖြေထုတ်စရာ မလိုပဲ
ရဲတပ်ဖွဲ့အကြီးအကဲတွေအနေနဲ့ သိပြီး သား ဖြစ်မှာပါ

ရဲတွေ လာဘ်စားတာပဲ မြင်တာ ရဲတွေ
ဘာအခက်အခဲရှိလဲ သူတို့ မသိပါ
အရင်ကလဲ အကြံပြုစာတွေ အပြု
သဘောဆောင် ရေးသားဘူးပါတယ်

မြေပြင်မှာ လက်တွေ့ လူထုနဲ့ ဆက်ဆံ
ရတာ အောက်ခြေတပ်ဖွဲ့ဝင်တွေပါ
လုပ်ပိုင်ခွင်မရှိ ဟိုလူစော်ကားခံရ ဒီလူစော်ကားခံရ လုပ်လိုက်ပြန်ရင်လည်း
ညွှန်ကြားချက်တွေရှိရဲ့သားနဲ့ ……

ယနေ့ ရဲတပ်ဖွဲ့ကို လူတွေမြင်တာ
ကျီးကန်းတစ်ကောင်ရဲ့ အမြင်နဲ့ ပြန်မြင်ခံနေရတယ်

ဥပဒေအရ လုပ်ပိုင်ခွင့်အပြည့်အဝ မပေး
ထားတဲ့ ရဲတပ်ဖွဲ့

ရဲဝန်တန်ဆာ ပြည့်ဝစွာ ထောက်ပံ့မှု မပေး
ထားတဲ့ ရဲတပ်ဖွဲ့

ကိုယ်ဖြစ်ကိုယ်ခံ တာဝန်ယူဖြေရှင်းပေးမှု
ခေါင်းခံဖြေရှင်းပေးမှုတွေ မရှိတော့တဲ့
ရဲတပ်ဖွဲ့

ရေးဘူးပေါက်တာမလိုခြင်ဘူး ရေပါတာ ဘဲလိုခြင်တာဟု လူ့အခွင့်အရေး ဆုံးရှုံး
နေသော ရဲတပ်ဖွဲ့

ဘယ်သူသေသေ ငါတေမာနေရင်ပြီးရော
အောက်ခြေမသိမ်းတဲ့ ရဲတပ်ဖွဲ့

ပြုပြင်ပြောင်းလဲရေးအတွက် ဘယ်သူ လုပ်လုပ် မပြောင်းမလဲ မူလအတိုင်းရှိနေ တဲ့ ရဲတပ်ဖွဲ့

ဥပဒေတိုင်းလုပ် လုပ်တိုင်း facebook တင်ခံ မှား/မှန် စစ်ဆေး အရေးယူခံနေ
ရသော ရဲတပ်ဖွဲ့

လာဘ်မစားနဲ့ပြော ဂါကြေးပေးနေရသော
ရဲတပ်ဖွဲ့

ဥပဒေသည် သူတို့အောက်မှာ ပြားပြား
ဝပ်နေသည်
=======

ရဲလက်စွဲ/စီမံချက်/ညွှန်ကြားချက်/ဝန်ခံ
ချက်/ ရဲစည်းကမ်းအောက်မှာ ရဲတပ်ဖွဲ့ဝင်များ ပြားပြားဝပ် ခံစားစံစားနေ
ရသည်ကို သိစေလိုသည်

မဇ္ဈိမ မာလ်တီမီဒီယာ

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှုတွေလုပ်သင့်ပါပြီ ပြောင်းလဲချိန်တန်ပါပြီ